ဇာတ်သိမ်းပိုင်း

6.2K 354 5
                                    

'ခရယ် နှင်းဦးလူကြီးတွေကိုပြောပြီး
အမြန်ပြန်လာခဲ့ပါ့မယ်နော်'

ခ နှင်းဦးလက်ကိုကိုင်ထားတာကြောင့်
နှင်းဦးမြင်းပေါ်တက်မရဖြစ်နေသည်

ရွာပြန်ရမဲ့ နေမခ ခလုပ်နေတာတွေ့ပြီး

'ဟောဗျာ အစကတော့အသိမပေးပဲငြိမ်နေပြီး
ခုကျ လက်မလွှတ်တော့ဘူး
ကိုသက်ပိုင် ကျုပ်တို့သွားတော့မယ်ဗျ
အစ်မလက်ကိုလွှတ်လိုက်တော့'

'ခနလေးပါဗျာ
နှင်း အမြန်ပြန်လာခဲ့နော် ကိုစောင့်နေမှာ'

'အမြန်ပြန်လာခဲ့ပါ့မယ် ခုလွှတ်တော့'

ခ မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်လိုက်ပြီး

'ကိုနေမခ အမြန်ပြန်လာကြနော်'

'ကိုသက်ပိုင် ကျုပ်အစ်မနဲ့ကျတော့လဲ ကလေးလိုပါပဲလား ကျုပ်တောင်ကျုပ်ချစ်သူကို
လွမ်းလာပြီ သွားပြီကိုသက်ပိုင်'

ခ နှုတ်ဆက်ပြီး နှင်းဦး နဲ့ နေမခ တို့ရွာကိုပြန်သွားကြ
လေသည်

''ဆရာ အရမ်းချစ်တတ်တာပဲနော် မထင်ရဘူး''

''ဆရာ့ဘဝမှာ အမုန်းတွေနဲ့ပဲရှင်သန်လာတာ
ဖိုးချက်ရ သူလေးနဲ့တွေ့ပြီးမှ အေးချမ်းမှုဆိုတာ
ငြိမ်းချမ်းမှုဆိုတာ ခံစားဖူးခဲ့တာ ''

"အဲ့တာကြောင့် ဆရာအမြဲတစ်ယောက်ယောက်ကို
မျှော်နေတတ်တာကို"

ခ တပည့်ချက်ကြီးစကားကိုကြားပြီး
"ဟားး ငါ့တပည့်ကတော့ ပြောတတ်တယ်"

အခု ခ မျှော်လင့်ထားသလိုဖြစ်လာပြီမို့
"ခ စောင့်နေမယ်နော်"

ဒီလိုနဲ့ပဲ ခ ရဲ့နေ့ရက်တိုင်းက နှင်းဦးကိုစောင့်မျှော်
ရင်းကုန်ဆုံးခဲ့သည် တစ်ရက်ပြီးတစ်ရက်သာကုန်လွန်
သွားပေမဲ့ နှင်းဦးရောက်မလာခဲ့ပါ

ဒီတစ်ခါပြန်စောင့်ရသူက ခ ပေါ့
အခုမှ နှင်းဦး ခကိုစောင့်ခဲ့ရတာကို ကိုယ်ချင်းစာမိ
သည်

ခ မျှော်လင့်ရင်း လေးလကျော်ကိုရောက်လာခဲ့သည်

တောနက်တစ်နေရာမှမြင်းခွာသံတချို့ ခကြားလိုက်
သည်
"ဟာ နှင်းဦး လာပြီထင်တယ်"

အသုံးတော်ခံWhere stories live. Discover now