Ep15

3.5K 309 4
                                    

ဒီလိုနဲ့ပဲ ခ ဆွဲခေါ်ရာပါလာပြီ အိုင်အွန့်အိမ်ကိုရောက်
လာခဲသည် အိုင်အွန့်အိမ်လဲအတော်ကိုကြီးကျယ်ခန်း
နားသည် ခ အိမ်ထက်ပိုကြီးမယ်ထင်သည်

အိမ်ထဲမှထွက်လာတဲ့အဒေါ်ကြီးတစ်ယောက်မှ

'ဟယ် သားစဝ်ခွန် ပြန်ရောက်နေတာလား'

'ဟုတ်တယ် ပါ့ပါ့ (အဒေါ် )
ခွန်မနေ့ညကမှပြန်ရောက်တာ '

ပါ့ပါ့က အိုင်အွန့်အိမ်ကအိမ်တော်ထိန်းပါ
ပါ့ပါ့ဟင်းလက်ရာကိုကြိုက်တာမို့ ငယ်ငယ်ထဲက
လာစားဖြစ်သည်

'ဧည့်သည်လဲပါလာတာပဲ လာထိုင်ကြပါဦး'

'ဧည့်သည်မဟုတ်ပါဘူး ပါ့ပါ့ ရဲ့
သူက ခွန့်ဇနီးလောင်းပါ လူကြီးတွေကိုနားဖောက်
ခဲ့ပြီးပါပြီ'

'ဟယ် ဟုတ်လား ခွန် နဲ့ အိုင် တောင်
လူကြီးတွေဖြစ်နေပြီနော်'

အိုင်အွန်က စကားဖြတ်လိုက်ပြီး

'ပါ့ပါ့ ခွန့်ကိုထမင်း စားဖို့အတင်းခေါ်လာတာ
ထမင်းပွဲပြင်ပေးပါဦးနော်'

'ခွန် စကားပြန်လုပ်နေတာဆို
အဲ့လိုအလုပ်တွေဘာလို့လုပ်နေရတာလဲ'

'အဲ့တာတွေမပြောပဲနေရအောင် အိုင်အွန်'
အိုင်အွန့်အဖေကအရေးပိုင်မင်းပါ အိုင်အွန်က
အဖေက ဂျပန်နဲ့ရှမ်းစပ်ဖြစ်သည် တိုင်ပြည်ရေးကို
ခ မပြောချင်တာကြောင့် စကားလမ်းလွှဲလိုက်သည်

'အိုင်အွန် ရော ဘာတွေလုပ်နေလဲ'

'တော်သေးတာပေါ့ ခွန်ရယ်
နင်ငါ့ကိုမေးဖော်ရသေးလို့'

'ငါချစ်တဲ့သူပြန်အလာကို မျှော်ရင်း
ဘာမှမလုပ်ဖြစ်ဘူး သူပြန်အလာကိုပဲမျှော်နေခဲ့ရတာ'

အဲ့တာ ခကိုပြောမှန်း ခရော နှင်းဦးပါသိနေပါသည်
ထိုအချိန်မှာပဲ ပါ့ပါ့ ထမင်းပွဲပြင်ပြီးလို့လာခေါ်တာ ကြောင့်စကားစပြတ်သွားသည်မို့ တော်သေးသည်
ခ နှင်ဦးကိုကြည့်လိုက်တော့ မျက်နှာမကောင်းတော့
အိုင်အွန့်စကားကို နားလည်နေသည်လား

'နေမကောင်းဘူးလား နှင်းလေး ပြန်နားချင်လား'

'နှင်းဦး ခေါင်းနည်းနည်းနောက်လို့ပါ
ထမင်းစားပြီးမှပဲပြန်ကြမယ်လေ'

အသုံးတော်ခံWhere stories live. Discover now