Ep12

4K 344 1
                                    

'သားတို့သမီးတို့အားလုံးပြင်ဆင်ပြီးပြီလား'

'ဟုတ်ကဲအဘ ပြင်ဆင်ပြီးပါပြီ
မနက်ဖြန်အလင်းကျတာနဲ့ထွက်မလို့
နေပူရင် နှင်းဦးပင်ပန်းမှာစိုးလို့အဘ'

ခကနှင်းဦးကိုဂရုစိုက်တာမို့ ဦးလေးဝင်းတို့မျက်နှာ
မှာ အပြုံးတွေနဲ့ပင်

'ဒီလောက်ဆို အဘသမီးလေးအတွက်
စိတ်ချပါပြီ'

'နှင်းဦးအတွက်စိတ်ချပါ
တစ်ဘဝလုံး ခ အသက်နဲ့ကာကွယ်မှာမို့
ဘာမှမစိုးရိမ်ပါနဲ့'

'သမီးလဲမဆိုးနဲ့နော်
ကဲ မနက်သွားရမှာအိပ်ကြတော့'

'ဟုတ်ကဲ့အဘ'
---------------------------------------

မနက်ရောင်နီထွက်ပေါ်လာတာနဲ့ ခနဲ့နှင်းဦး
လူကြီးတွေကို ကန်တော့ပြီးထွက်ခဲ့လိုက်ကြသည်
အစပိုင်းမှာတော့ နှင်းဦးတစ်ယောက် တက်ကြွနေ
ပြီး လှည်းနဲ့မို့ကြာလာတော့ ပင်ပန်းလာသည်

'နှင်းဦး ညောင်းနေပြီထင်တယ်
ပင်ပန်းနေပြီလား ဟိုဘက်ခြမ်းရောက်ရင်
မြင်းလှည်းစောင့်နေမှာ ခနသည်းခံဦးနော်'

'ရပါတယ် ခရဲ့နှင်းဦးခံနိုင်ပါတယ်'

ရွှေဘိုဘက်နားနီးတော့ မြင်းလှည်းတွေ့တာမို့
မြင်းလှည်းငှားပြီးခရီးဆက်ခဲ့ကြသည် မြင်းလှည်းနဲ့
မို့သိပ်မကြာလိုက် ခရဲ့အိမ်ကိုရောက်လာသည်

'ရောက်ပါပြီ ဆင်းလို့ရပြီနှင်းဦး'

'ဟင် ဆက်မသွားဘူးလား ခရဲ့
ဒါကဘယ်သူ့အိမ်လဲ'

နှင်းဦးခရီးပန်းနေတာမကြည့်ရက်တာမို့ ရွှေဘိုမှာ
တစ်ညအိပ်ဖို့ဆုံးဖြတ်လိုက်တာပါ

'ဒီအိမ်က ခရဲ့အိမ်ပါပဲ ဒီလာရင် တည်းခိုရအဆင်ပြေ
အောင် အိမ်နဲ့ခြံစီစဉ်ထားတာလေ
နှင်းဦးပင်ပန်းနေမှာစိုးလို့ ဒီညဒီမှာနားပြီး
မဟာမြတ်မုနိဘုရားနဲ့ နန်းတော်နားကိုလိုက်ပို့
ပေးမယ် '

'တကယ်လိုက်ပို့ပေးမှာလား ပျော်စရာကြီး
နှင်းဦးမရောက်ဖူးတဲ့နေရာတွေချည်းပဲ'

'ကိုနကြီးက ဆက်သွားမှာလား'

'အင်းသူကဆက်သွားလိမ့်မယ် ခ ခိုင်းထားတာတွေ
လဲ ရှိသေးလို့လေ ကဲပါ အခုလောလောဆယ် နေ့လယ်စာစားပြီးခနနားကြမယ်လေ လာနှင်းဦးအိပ်ရမဲ့အခန်းလိုက်ပြမယ်'

အသုံးတော်ခံWhere stories live. Discover now