အသုံးတော်ခံ အပိုင်း ( ၂၂ )
'အကိုပြီးတာနဲ့ အမြန်ပြန်လာမယ်နော်'
ခ နှုတ်ဖျားကသာ နန်းကို လိမ်နေရပေမဲ့
စိတ်ထဲတွင်တော့(ခ သွားတော့မယ်
နန်းကို ကိုထာဝရနှုတ်ဆက်ခဲ့တယ်နော်)ခနဲ့မာစတာတို့ မော်တော်ကားကို တောင်တန်းတွေပေါ်
ဖြတ်သန်းမောင်းနှင်လာခဲ့သည် ခကြံရွယ်ထားတဲ့ချောက်တွေရှိရာနားကိုရောက်တော့'မာစတာ ခင်ဗျားကိုမေးစရာရှိတယ်'
'ဘာများလဲ'
'ရှမ်းပြည်ကိုရောက်ဖူးလား'
'ရောက်ဖူးတာပေါ့ ကျုပ်အဲ့အချိန်ကငယ်သေးတယ်'
'ခင်ဗျား အပြစ်မဲ့တဲ့လူတွေကိုရောသတ်ဖူးလား'
'ဟာကျုပ်မလုပ်ဖူးပါဘူး'
'ဟုတ်လို့လားဗျ ပြန်တွေးကြည့်ပါဦးဗျ ခင်ဗျားလုပ်ခဲ့ပါတယ် ကျုပ်မျက်စိရှေ့တင်ခင်ဗျား
အပြစ်မဲ့တဲ့ မိန်းကလေးကိုသတ်လိုက်တာ''မြို့စားလေး ဘာတွေပြောနေတာလဲ'
'ကျုပ်မေးတာကိုဖြေစမ်းပါ ခင်ဗျားရှမ်းမလေးတစ်
ယောက်ကိုစော်ကားတယ် ပြီးတော့သတ်လိုက်တယ်
လေ မမှတ်မိဘူးလား'''အားးး ဟာ မင်းး မင်းး''
ခပြောရင်း ခြေထောက်မှဓားမြှောင်ကိုယူကာ
မာစတာရဲ့ ပေါင်ကိုတစ်ချက်ထိုးပြီး ဓားပြန်နှုတ်
လိုက်သည်မာစတာတစ်ယောက် ခထိုးလိုက်တဲ့ဓားကြောင့် သွေးများတစ်စိမ့်စိမ့်ထွက်နေတဲ့ဓားဒဏ်ရာကိုလက်နဲ့
ဖိထားရင်း ခ ကိုဂြိုလ်ကြည့်ကြည့်နေလေသည်အဆုံးထိမျှော်လင့်ထားတဲ့ ခကတော့ အေးဆေးပင်
'ခင်ဗျား ကျုပ်ကိုထိတာနဲ့ချောက်ထဲပဲနော်
ကျုပ်က ကျုပ်ကိုကျုပ် သေလူအဖြစ်သတ်မှတ်ပြီးသား''မင်း မင်း ဘယ်သူလဲ'
'ခင်ဗျား ကျုပ်အစ်မကိုသတ်တုန်းကဘေးနားမှာ
၁၃ နှစ်အရွယ်လောက် လူငယ်လေးရှိနေတယ်
အဲ့တာကျုပ်ပဲ ကျုပ်ပဲ လူယုတ်မာရဲ့ ''အဲ့တုန်းက ကလေးမလေးတစ်ယောက်ပဲရှိတာ
မင်း မင်းက 'ခ အားကုန်သုံးကာ ဓားနဲ့ပုခုံးကိုတစ်ချက်ထပ်ထိုး
လိုက်ပြီး
ВЫ ЧИТАЕТЕ
အသုံးတော်ခံ
Любовные романыshar ရဲ့ third wheel လေးပါ ခံစားချက်အပြည့်နဲ့မို့ အားပေးကြပါဦး