Ep11

4K 358 3
                                    

'နှင်းဦးလက်ကိုဒီလိုလေးအမြဲကိုင်ထားခွင့်ပြုပါနော်'

'ကဲပါမိန်းမရယ် အချိန်လဲမစောတော့ဘူး အမှောင်မကျခင်ညစာစားကြမယ်လေ
မောင်စဝ်ခွန်ထမင်းစားပြီးမှဆေးထည့်လိုက်တော့
သမီးတို့ပြင်ဆင်လိုက်တော့ အားလုံးတူတူစားကြတာပေါ့'

'ဟုတ်အဘ'

'မောင်စဝ်ခွန် စားလို့ရရဲ့လား'

(ဟုတ်သားပဲ အဘပြောမှသတိထားမိတယ်
နှင်းဦးညံ့လိုက်တာ ခ အတွက်ဘာမှမလုပ်ထားမိဘူး
ထမင်းစားလို့ရပါ့မလား နှုတ်ခမ်းကနာနေမှာ)

'ဟုတ် ခွန် တစ်နေကုန်ဘာမှမစားထားတော့
ဗိုက်ဆာနေပြီအဘ ထမင်းပဲဖြစ်ဖြစ် နည်းနည်း
လောက်တော့စားချင်တယ်'

'အေးအေးစားကြည့်ပြီးမရတော့ တစ်ခုခုစီစဉ်ပေး
တာပေါ့'

နှင်းဦးနဲ့ငုဝါတို့ အားလုံးစားဖို့ပြင်ဆင်လိုက်ပြီး
'အဘတို့စားလို့ရပါပြီ'

အားလုံးအတူတစ်ဝိုင်းထဲ ထမင်းစားကြတာမို့
ပျော်စရာကောင်းလှသည် နန်းဘဝမှာမိသားစုထမင်း
ဝိုင်းဆိုတာ ဒါပထမဆုံးပါ

နန်းပြုံးနေတာကိုမြင်တော့ ဒေါ်နှင်းမေက

'ဘာတွေပြုံးနေတာလဲကွယ့်'

'ခွန့်ဘဝမှာ ဒါပထမဆုံးမို့ပါ'

ဒေါ်နှင်းမေကနားမလည်တာမို့
'ဘာကိုလဲကွဲ့'

နန်း ပြုံးရင်း
'မိသားစုထမင်းဝိုင်းဆိုတာ အခုမှမြင်ဖူးတာပါ ဒါခွန့်ဘဝမှာပထမဆုံးစားဖူးတာပါ'

မေးလိုက်တဲ့ဒေါ်နှင်းမေအပါအဝင် ထမင်းဝိုင်းမှ
အားလုံး နန်း အပြောကြောင့် စိတ်မကောင်းဖြစ်
သွားကြသည်

မိသားစုထမင်းဝိုင်းလေးမို့ နန်းအားတင်းပြီးစားပေမဲ့
စားဖို့ကံမပါဘူးထင်ပါတယ် ထိုးကြိတ်ခံထားရတဲ့
ပါးစပ်က ထမင်းစားဖို့ဟလို့ကိုမရ

'ခွန့်ကြောင့်အစားပျက်တော့မယ်ထင်တယ်
နောက်မှတစ်ခုခုစားတော့မယ်နော်
အားလုံးအေးဆေးစားကြပါ'

နန်းနှုတ်ဆက်ရင်း အပြင်ကိုထထွက်လာခဲ့လိုက်သည်
ညမှောင်စပြုလာပေမဲ့ လအလင်းရောင်လေးနဲ့
အရာအားလုံးကိုမြင်နေရသေးသည်
လမ်းလျှောက်နေရင်း ရှေ့ဆက်ရမည့်ခရီးကိုသာ
တွေးနေမိသည်

အသုံးတော်ခံOnde histórias criam vida. Descubra agora