EP6

4.3K 427 3
                                    

နန်း သနပ်ခါးနံ့လေးရနေတုန်းပါပဲ
(ပြန်မချစ်လဲရပါတယ်နှင်းလေးရယ်
နှင်းမုန်းလဲ နန်းကချစ်နေမှာ
နှင်းကို နန်းဘေးမှာပဲအလှထားထားချင်တယ်
ဘယ်သူ့ကိုမှမပေးနိုင်ဘူး နန်းအတ္တကြီးတယ်
ပြောချင်လဲပြောပါ နန်းချစ်တဲ့ပန်းလေးအခြားသူ
နမ်းမှာ မလိုလားဘူး အလှပျိုးထားချင်တာပါ)

လုပ်စရာအလုပ်တွေရှိတာမို့ အရိပ်အခြေကြည့်ပြီး
နန်း အိမ်အမြန်ပြန်ခဲ့လိုက်တယ်

နှင်းဦးမှာတော့

'သမီးပါးကိုကိုင်ပြီး ဘာလုပ်နေတာလဲ'
မိခင်ဒေါ်နှင်းမေရဲ့အပြောကြောင့် ပါးလေးကိုင်ရင်း
ငိုင်နေတဲ့ နှင်းဦး အသိစိတ်တို့ပြန်ဝင်လာသည်

'သမီးဘာဖြစ်နေတာလဲ နေမကောင်းဘူးလား
မျက်နှာလဲတစ်မျိုးပဲ'

'မဟုတ်ပါဘူးအမေရဲ့ နှင်း တောထဲဖြတ်လာတော့
အယားကောင်ထိလားမသိပါဘူး ပါးကနဲနဲယား
နေလို့'
(ခူယားကောင်မှအကြီးကြီးပဲ)

'အေးအေး သနပ်ခါးအရည်ကြဲလေးလိမ်းလိုက်ဦး'

သနပ်ခါးဆိုတာနဲ့ နှင်းဦးပြေးမြင်လိုက်ပြန်ပါပြီ

'ဟုတ် ဟုတ်အမေ'

(စဝ် ခွန် ခ ရှင်တော်တော်ဆိုးတဲ့လူပဲ ဘယ်သူမှမနမ်းရသေးတဲ့ နှင်းဦးပါးလေးကို
ရှင် ရှင်  တော်ပါပြီ မတွေးတော့ဘူး)

နန်းအပြန်လမ်းတလျှောက်လုံး ထိုလူနောက်က
လိုက်လာနေသည် ဒါဆိုရင်တော့ နန်းအကြံအောင်
မြင်တော့မှာပါ

နန်းအိမ်ထဲကို တန်းဝင်သွားပြီ မသိသလိုငြိမ်နေလိုက်
သည်။ နန်းငြိမ်သက်သွားတာမို့ ထိုသူလဲလှည့်ပြန်
လောက်ပါပြီ ကျန်တာနကြီးဆက်လုပ်ပါလိမ့်မည်
( နကြီးရေ မင်းအောင်မြင်ပါစေကွာ )

နေ့လည် တစ်ချက်တီးလောက်ကျတော့ နကြီးပြန်
လာသည်

'နကြီး အခြေအနေ ဘယ်လိုလဲ'
နကြီးလက်မထောင်ပြကာအဆင်ပြေကြောင်းပြသည်

'ဘယ်နှစ်ယောက်တွေ့ခဲ့လဲ အဲ့အိမ်ကိုနောက်
သုံးလေးရက်လောက်စောင့်ကြည့်ထားလိုက် 
သေချာပြီဆိုတော့မှဝင်လုံးတာပေါ့
သူတို့တည်နေရာဆွဲပေးထား အခုချိန်ကစပြီး အဲ့အိမ်ကို မျက်ချေမပျက်စောင့်ကြည့်ထား'

အသုံးတော်ခံWhere stories live. Discover now