EP8

4.3K 420 1
                                    

'နန်းက ရှမ်းစော်ဘွားမျိုးနွယ်တစ်ယောက်ပါ'

နန်းအပြောကြောင့် နှင်းဦး အံ့သြပြီး
'အဲ့တာကြောင့်ကို ခ အရမ်းချောအရမ်းလှနေတာကို
ခက ရှမ်းလူမျိုးစစ်စစ်ပဲဘာလို့ဒီလိုအလုပ်တွေလုပ်
နေရတာလဲ'

'ဘာလို့ နန်းကို ခ လို့ခေါ်တာလဲ '

'မသိဘူး သူ့ဘာသာ ခေါ်မိသွားတာ
ဆက်ပြောပြလေ ရှင့်အကြောင်းတွေ'

'နန်းကို ခ လို့ခေါ်တဲ့သူတစ်ယောက်ရှိခဲ့တယ် နှင်းဦး'

ရှင့်ကိုကျွန်မတစ်ယောက်ထဲ အဲ့လိုခေါ်ချင်တယ်
ခရယ် ရှင်ကမိန်းကလေးဆိုလဲ နှင်းဘေးနားမှာပဲ
ထားချင်တယ်

'သူကဘယ်သူလဲ အခု ဘယ်မှာလဲ '

'သူက နန်းရဲ့ အစ်မ ဒီလောကမှာမရှိတော့ဘူး
နှင်းဦးရှုပ်နေမယ်ထင်တယ် ခ အကုန်ရှင်းပြမယ်
လာဒီအခန်းထဲကထွက်ရအောင် လူကြီးတွေလိုက်
လာလို့ ဒီလိုမြင်သွားရင် နှင်းဦးကို တစ်မျိုးမြင်
ကြလိမ့်မယ်'

'မြင်မြင်ပေါ့ နှင်းဦးအဲ့တာတွေဂရုမစိုက်ပါဘူး'

'နှင်းဦးဂရုမစိုက်ပေမဲ့ နန်းကတော့ဂရုစိုက်တယ်
နန်း နှင်းဦးကိုမြတ်နိုးတယ် ကိုမြတ်နိုးတဲ့ပန်းကလေးကို တန်ဖိုးထားရတယ်ကွ '

နန်း စကားတွေကြောင့် နှင်းဦးရင်ခုန်ရပြန်ပါပြီ
ပြောစကားနားထောင်ပြီး အပြင်ထွက်ခဲ့လိုက်သည်

'နန်းရဲ့မိဘတွေက နန်း ငယ်ငယ်လေးထဲက
ဆုံးပါးသွားတာ
နန်းတို့ညီအစ်မတွေကိုဦးလေးကပဲစောင့်ရှောက်ခဲ့
တာ နန်း ငယ်ငယ်ထဲက စဝ်ခွန်ခ ဆိုပြီးအမည်ခံပြီး
ယောက်ျားတစ်ယောက်လိုပဲ နေခဲ့ရတယ် ဘာလို့လဲ
ဆိုတော့ ခ မိဘသတ်ခဲ့တဲ့သူကိုသတ်ပစ်ဖို့ နောက်ပြီး
ခရဲ့မမ ကိုစော်ကားခဲ့တဲ့သတ်ခဲ့တဲ့ ကောင်ကိုသတ်ဖို့'

နန်း ပြန်တွေးရင်း မျက်ရည်ကျမိသည်
နန်းမျက်ရည်ကျနေတာကို မကြည့်ရက်တဲ့ နှင်းဦးက

'နန်း ရယ် နန်းအဖြစ်ကလဲဆိုးလိုက်တာ'
ပြောရင်း ငိုနေတဲ့နန်းကို နှင်းဦးဖက်ထားမိသည်

' နန်း ရှင်ကလေအရမ်းနားလည်ရခက်တဲ့သူပဲ
စောစောကတော့ လူတစ်ယောက်လုံးကိုသတ်ပြီး
ခုကျကလေးလိုငိုနေပြန်ပြီ'

အသုံးတော်ခံDonde viven las historias. Descúbrelo ahora