'အိုင်အွန်က ဘာလို့အဲ့လိုလုပ်ရတာလဲ'
'အိုင်အွန့်အဖေကဘယ်သူလဲဆိုတာ
ခွန် မေ့သွားတာလား
ရန်ကုန်မှာ ခွန့်ဦးလေးကိုလဲဖမ်းထားတယ်
အခု နှင်းဦးရဲ့အဖေကိုဖမ်းလာဖို့ အစထဲကအမိန့်ပေးပြီးသားပါ''ဦးရီးကိုဖမ်းထားတာ ခွန်မသိရပါလား'
'ခွန်ဘယ်သိမလဲ ခွန်အဲ့မိန်းကလေးနားကမှမခွာတာ'
ခရော နေမခပါ ဘာလုပ်ရမယ်မှန်းမသိ အကြပ်ရိုက်
နေကြသည်သာ'သူ့ကိုသက်ညှာပေးပါ အိုင်အွန်ရယ်'
'သူ့ကိုသာ အိုင်အွန့်အဖေ့ဆီပို့လိုက်ရင်
ဘာဖြစ်နိုင်မလဲသိလားခွန်''ခွန် သိလို့တောင်းဆိုနေတာပေါ့
တစ်ခုခုသာဖြစ်ခဲ့ရင် ခွန်ချစ်တဲ့သူရော မိသားစုပါ ဒုက္ခရောက်ရမှာလေ''အိုင်အွန် ဒီလူကိုလွှတ်ပေးမှာပါ
ဒါပေမဲ့ ဒီတိုင်းတော့မရဘူးခွန်
အပေးအယူတော့ရှိတယ်''အပေးအယူ'
----------------------------------------------------
'ဟာ အဘပြန်လာပြီ'
ဖခင်ပြန်အလာကို ကလေးလိုပျော်နေတဲ့ နှင်းဦး
ကတော့ ခရဲ့အဖြစ်ကိုဘာမှသိမယ်မထင်'အမေ အဘပြန်လာပြီ
အဘအလုပ်တွေအဆင်ပြေလား
မျက်နှာလဲမကောင်းပါလား နေကောင်းရဲ့လားအဘ'ဘာမှမသိလေတဲ့ သမီးဖြစ်သူကိုကြည့်ပြီး အားတင်းပြုံးရင်း
'အဘ ခရီးပန်းလာလို့လေသမီးရဲ့
အလုပ်တွေလဲ အဆင်ပြေပါတယ်'ထိုအချိန် ဒေါ်နှင်းမေထွက်လာပြီး
'တော့်သမီးက မျှော်နေတာ
အမြန်ပြန်လာမှပဲ နားအေးရတော့မယ်
ဒါနဲ့ ရှင့်သားမက်နဲ့မတွေ့ဘူးလား မြို့ဘက်တက်
သွားတာပဲကျုပ်ကတွေ့မယ်ထင်နေတာ'သားမက်ဆိုတာကြောင့် ဦးလေးဝင်းမျက်နှာပျက်ရင်း
ခ သင်ထားပေးသည့်အတိုင်း'ငါ တွေ့လိုက်တယ် မိန်းကလေးတစ်ယောက်နဲ့ပဲ
အလုပ်များနေတယ်ထင်တယ်လှမ်းခေါ်တာမကြားလို့ ထားလိုက်တယ်'မိန်းကလေးဆိုသောကြောင့် နှင်းဦးအတွေးတွေ
လွန်ကုန်သည်
(ခက ဒီလောက်ချစ်တာရှုပ်နေတာတော့
မဖြစ်နိုင်ပါဘူး ရှင်ရယ်ဘယ်သူနဲ့ဘာတွေလုပ်နေလဲ
ဘာဖြစ်ဖြစ်အမြန်ပြန်လာပါတော့နော် နှင်းဦးလွမ်းလှပြီ)