နှင်းဦး အိပ်ပျော်နေတဲ့ ခကိုမော့ကြည့်ကာ နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး
'ရှင့်ကို အရမ်းချစ်တယ်သိလား'
'သိတာပေါ့'
ခ အစောထဲနိုးနေခဲ့တာပါ ရင်ခွင်ထဲမှာအိပ်မောကျ
နေတဲ့ နှင်းဦး နိုးသွားမှာစိုးတာကြောင့် အသာလေး
ငြိမ်နေခဲ့တာ အခုတော့ နှင်းဦးနမ်းတာလေးမိသွား
ပြီလေ'ဟာ ခ နိုးနေတာလား ရှက်လိုက်တာ
ရှင်က လူဆိုးကြီးပဲ''တစ်ညလုံးလဲအဝချစ်ပြီးပြီကိုအခုလဲ ရင်ခွင်ထဲ
ရောက်နေတာ အခြေအနေကိုလဲကြည့်ဦး
ရှက်တုန်းလား'ခပြောရင်းနှစ်ယောက်လုံးကိုယ်ပေါ်လွှမ်းထားတဲ့
စောင်ကို ဖယ်မလိုလုပ်လိုက်သည်နှင်းဦးကိုယ့်အခြအနေကိုယ်သိတာမို့ စောင်ကို
အတင်းပြန်ဆွဲရင်း'ခ မဆိုးနဲ့ကွာ နှင်းဦးရှက်တယ်လို့'
'ချစ်လိုက်တာ မရှက်နဲ့တော့ကွာ ခမိန်းမဖြစ်တော့မှာပဲကို'
'အင်းပါ သွားရတော့မှာကို ထကြမယ်လေ
နှင်းဦးကို အ၀တ်အစားတွေကောက်ပေးဦး
ညက ရှင်သောင်းကြမ်းထားတာတွေ
နှင်းဦးလေ ရှင့်ကိုအထင်သေးမိသွားတာသိလား
ရှင်တော်တော်တတ်တာပဲ 'နန်းအဝတ်အစားတွေလှမ်းကောက်ရင်း
'မတတ်ပါဘူး ထင်လို့ပါ ညက ခ နှင်းဦးကို ဘာမှမလုပ်ရသေးဘူး '
'ဘာပြောတယ် စဝ်ခွန်ခ ရှင်ကဘယ်လောက်ထိ
လုပ်ချင်တာတုန်း ပေးအဝတ်တွေ'နှင်းဦးရောခပါ အဝတ်အစားများပြန်ဝတ်လိုက်ပြီး
ခ ထထွက်မည်အလုပ်'ခ'
ထူးထူးခြားခြားလေသံလေးဖြင့်ခေါ်လိုက်တာ
ကြောင့် ခ ချက်ချင်းပြန်လှည့်ကြည့်လိုက်ပြီ'ဘာဖြစ်လို့လဲ နှင်းဦး'
'ခ ပထမဆုံးရောဟုတ်ရဲ့လား '
'ဘာကိုလဲ နှင်းဦးရဲ့'
နှင်းဦးခေါင်းငုံ့သွားပြီး
'ညကနှင်းဦးကိုလေ
အဲ့တာ ခရဲ့ပထမဆုံးလား နှင်းဦးသိချင်လို့ပါ အခုအမှန်အတိုင်းဖွင့်ပြောထားရင် နှင်းဦးခွင့်လွှတ်ပါတယ်'