'မအိပ်သေးဘူးလား နန်း
နန်းပြောသလိုတကယ်ပဲ အိပ်မပျော်တာထင်တယ်''ဟုတ်တယ် နန်းအိပ်မရဘူး'
ခနဲ့နန်းတို့ကြားက ကာထားတဲ့ခြေတင်ကိုဖယ်လိုက်
ပြီး'လာ ဒီဘက်ကိုတိုး ကို့စကားအတိုင်း ချော့သိပ်ရတော့မှာပေါ့'
ဘယ်တုန်းထဲက ခ အနားလာချင်နေလဲမသိတဲ့ နန်း
ချက်ချင်းကို အနားတိုးလာသည် ခ လက်မောင်းမှာ
အိပ်ပြီး ကလေးတစ်ယောက်လိုခကိုဖက်ထားသည်
နှင်းဦးမဟုတ်တဲ့အခြားတစ်ယောက်က ခရင်ခွင်ထဲ
ရောက်နေတာမို့ နေရခက်နေသည် သို့ပေမဲ့လဲ နန်း
အတွက် အနည်းငယ်တော့ ခ ပေးဆပ်ရမည်သာခ တစ်ယောက် ရင်ခွင်ထဲရာက်လာတဲ့ နန်းကိုကျောလေးပွတ်ပေးရင်း
'အရင်ကရော ဒီလိုပဲလား နန်း
အမြဲအိပ်မပျော်တာလား'နန်းဘက်ကစကားသံထွက်မလာပဲ
ခေါင်းသာညိမ့်ပြသည်
အတူရှိခဲ့တဲ့အချိန်နှစ်ဝက်လောက်ကို
ခ သိလိုက်ပါသည် ခနန်းကို အတော်ကိုပစ်ထားမိသည်'ဘယ်လို အရင်ကလဲ ညဘက်အိပ်မပျော်ဘူးလား'
'ဟုတ်တယ်'
'ဘာလို့လဲ နန်းရယ် တောင်းပန်ပါတယ်
အဲ့တာတွေ ခ မသိခဲ့ဘူး''နန်း ငယ်ငယ်ထဲကပါ
အခုတော့ အဲ့တာဘာမှမဟုတ်တော့သလိုပါပဲ နန်းကမိုးချုပ်မှ အိပ်နေကြ စိတ်ထဲမထားနဲ့နော်''အင်းပါ နန်းအခုရအောင်အိပ်တော့နော်'
ခကျောပွတ်ပေးရင်း ဘယ်လိုအိပ်ပျော်သွားလဲ
တောင်မသိလိုက် ခနိုးတော့ နန်းမရှိတော့
ခလဲမျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး အိမ်ရှေ့ထွက်
ခဲ့လိုက်သည်အိမ်ရှေ့ရောက်တော့
'နန်း နန်းရေ'
'ဆရာကတော် မရှိဘူးဆရာ
မနက်အစောထဲက ဈေးထွက်သွားတယ်
ဟောပြောရင်းနဲ့ ဟိုမှာပြန်လာပြီ'နန်းတစ်ယောက်ထဲ အလေးတွေသယ်လာတာမို့
ခ ပြေးကူသယ်ပေးရင်း'ဘာလို့ အစောကြီးသွားရတာလဲ ပြီးတော့
တစ်ယောက်ထဲ နန်းပင်ပန်းနေမှာပေါ့'