Extra

7.6K 437 12
                                    

အသုံးတော်ခံ Extra

"စဝ် ခွန် ခ"
ခ စာသင်ပြီးပြန်အလာကိုစောင့်ကြိုနေတဲ့
နှင်းဦးရဲ့ မိုင်ကုန်အော်လိုက်သောအသံပင်

"ဗျာ"
(လက်ကြီးပိုက်ပြီး အခြေနေမကောင်းဘူးထင်တယ်)

"ရှင် ဘယ်ကပြန်လာတာလဲ"

"ဟို ကျောင်းလေးကလေ"

"အဲ့ကျောင်းလေးကနေ ရှင်မိန်းမတစ်ယောက်နဲ့
လက်ချင်းချိတ်ပြီးပြန်လာလို့ရလား"

"ဟို နှင်းလေးကဘယ်လိုသိတာလဲ
အဲ့တာကဒီလိုရှိတယ် အဲ့ကလေးမက
သူ့မောင်လေးကို လာကြိုရင်းက  
ခြေခေါက်လဲသွားတာ
အဲ့တာ ကိုကလိုက်ပို့ပေးလိုက်တာပါ"

"အဲ့တာနဲ့ပဲ ရှင်ကရင်ခွင်ထဲထည့်ပြီး ပြန်ပို့ပေးလိုက်
တယ်ပေါ့ ရှင်ဒီညအပြင်မှာအိပ် ခြင်ထောင်ထဲ
ဝင်မလာနဲ့ "

"ဟာ အဲ့လိုတော့မလုပ်ပါနဲ့ နှင်းလေးရယ်
ကို နောက်ဘယ်သူ့ကိုမှ လက်လဲမကိုင်တော့ဘူး
လိုက်လဲမပို့တော့ပါဘူး"

"ရှင်ကလေ အရမ်းအတာပဲသိလား
ဟိုက အကောင်းကြီး ရှင့်ကိုအသားယူချင်လို့
နာချင်ယောင်ဆောင်နေတာသိရဲ့လား"

"ဟုတ် သိပါပြီ နောက်လုပ်တော့ဘူးနော်
နော် နော် နော် "

"ရှင်နော်ရှင် အပြစ်လုပ်ပြီးရင်
  အဲ့ချစ်ဖို့ကောင်းတဲမျက်နှာနဲ့ ပြောတတ်တယ်"

"နှင်း စိတ်မပူနဲ့တော့နော် ခ စာဆက်မသင်တော့ဘူး "

"ဟာတကယ်လား"

"တကယ်ပေါ့
ခ အစားအခြားတစ်ယောက်လာကူသင်ပေးမယ်
ပြောတယ် ခ နှင်းနားမှာပဲ အချိန်ပြည့်နေတော့မယ်
ပြီးတော့ နေရာဒေသအစုံလျှောက်ပို့ပေးမယ်"

ခ အပြောကြောင့် ပျော်သွားတဲ့နှင်းဦး အစောပိုင်းက
လို လေသံမဟုတ်တော့ပေ

"ဟီးး ပျော်လိုက်တာ
ရေသွားချိုးဦး ခကြိုက်တဲ့ ငါးဟင်းချက်ထားတယ်"

"ဟာ ဟုတ်လား နှင်းရဲ့လက်ရာလေးစားရချည်
သေးရဲ့"

တကယ်က ကို့မိန်းမ လက်ရာလေးလို့တင်စားလိုက်
ချင်တာ ခ တို့လက်မထပ်ရသေးဘူးလေ နှင်းဦး အတွက် တစ်သတ်မှာတစ်ခါပဲလုပ်ရတဲ့ မင်္ဂလာပွဲလေးကို လုပ်ပေးချင်တယ်

အသုံးတော်ခံWhere stories live. Discover now