ကလပ်တစ်ခုရှေ့တွင် ရှောင်းကျန့်
မျက်မှောက်ကျုံ့ကာ ဆူပုတ်နေပြီး
သူ ကလပ်ထဲ မဝင်ချင်ကြောင်း
ပြောရင်း သူငယ်ချင်းတွေအပေါ်
ဆိုးချင်ယောင်ဆောင်နေသည် ။
ဓာတ်သိနေပြီဖြစ်တဲ့ သူငယ်ချင်းတွေကတော့ သူ့တို့အပေါ် ဆိုးချင်နေတဲ့
ရှောင်းကျန့် ကိုကြည့်ကာ ရယ်သူက
ရယ် လက်လေးဆွဲလို့ ချော့သူက
ချော့နေကြသည်။"ဟျောင့် ငါမလာချင်ဘူးလို့
ပြောတာကို မင်းတို့ကအတင်းပဲကွာ"သူ့ လက်ကောက်ဝတ်လေးကိုဆွဲ
ထားတဲ့ဟောက်ရွှမ်း ရဲ့လက်မောင်း
ကိုလှမ်းထိုးရင်းငြူစူနေသည်။
တစ်ချက်တစ်ချက်အလိုမကျဖြစ်
ကာ ခြေစောင့်နေပုံက ချစ်စရာ
ကောင်းလွန်းတာကြောင့် သူငယ်ချင်း
များမှာ အငြိုငြင်ရက်ပေ။"အမြဲ ငါ့ကိုဆိုအတင်းနော်
မင်းတို့တွေ"အထိုးခံရသည့်တိုင်လွှတ်ပေးခြင်း
မပြု လာတဲ့ ဟောက်ရွှမ်း မှာအထိုးခံ
ရတဲ့လက်မောင်းကိုမနာပါဘဲနှင့်
အော်ဟစ်နေတာကြောင့် ဘေးမှရယ်
နေသူဟိုက်ခွမ်းမှာ မနေသာတော့ဘဲ ဟောက်ရွှမ်း၏ပါးစပ်ကို လက်ဖြင့်
အုပ်ကာ ပိတ်ရင်း ဘေးရှိရှောင်းကျန့်
ရဲ့ ပခုံးကို လှမ်းဖက်လိုက်သည်။"မသိရင် ခိုးသားနှစ်ယောက်နဲ့
ရဲမှူးကြီးကျနေတာပဲ ဟား...ဟား"သူတို့သုံးယောက်၏ပုံစံကိုကြည့်ပြီး
ကျိုးချန် က မှတ်ချက်ပြုလာပြီး
တဟားဟားနှင့်အော်ရယ်နေလေ
သည်ကြောင့် ရှောင်းကျန့် မှာအတင်း
ရုန်းပြီး ခြေစောင့်နေ၏။"ကျန့်ကျန့် ရာ မင်းလဲစိတ်ပြေလိုက်
တော့ မင်း အိမ်မှာပဲနေရင် လောက
ကြီးအကြောင်းဘာမှသိမှာမဟုတ်
ဘူး။ အပြင်တစ်ခါခေါ်ရင် ဖင်ထဲ
မီးထည့ပြီး ခေါ်နေရတယ် အခုလည်း
ငါ့ကောင်လေး နဲ့ မင်းတို့ကို
မိတ်ဆက်ပေးမလို့ကွ"ရှောင်းကျန့်ကတော့ သူ့ကြားလိုက်
ရတဲ့စကားကြောင့် မျက်လုံးများ
ဝိုင်းဆက်လို့သွားပြီး ဟောက်ရွှမ်းကို ကြောင်ကြည့်နေမိတယ်။
ကောင်လေးတစ်ယောက်က အခြား
မျိုးတူကောင်လေး တစ်ယောက်နဲ့
ချစ်ကြိုက်ခွင့်ရှိလို့လား ဆိုသည့်
အတွေးမှာ သူ့ဦးနှောက်ထဲသို့
ရောက်ရှိလာသည်။
YOU ARE READING
𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳