Jello

679 131 4
                                    

လူတစ်ယောက်နဲ့တစ်ယောက် ခံစားချက်မရှိသေးခင်က တိုက်ဆိုင်မိတဲ့အဖြစ်အပျက်တွေကို
ခံစားချက်ရှိစပြုတဲ့အချိန်မှာ ပြန်စဉ်းစားမိရင်
ထွက်ပေါက်မရှိအောင် ပိုပြီးနက်နက်နဲနဲတွယ်တာသွားမိစေတယ်ဆိုတာလက်ခံလား။

ဥပမာ ..
ခံစားချက်မရှိသေးခင်က
အမှတ်တမဲ့ လက်ချင်းတေ့ဆုံသွားတာမျိုး

ခံစားချက်မရှိခင်က
အဖြူထည်သက်သက် ဂရုစိုက်ပေးမိတာမျိုး

ပြုတ်ကျနေတဲ့ခဲတံလေးတစ်‌ချောင်းကို နှစ်ယောက်ပြိုင်တူထိတွေ့လိုက်မိတဲ့ အခိုက်အတန့်မျိုးတွေက

သဘောကျမိပြီလို့ စသတိထားမိတဲ့အချိန်မှာ ပြန်‌တွေးကြည့်ရင် အားလုံးက အမှားကောင်းတစ်ခုလိုမျိုး ရင်ကိုတလှပ်လှပ်လှုပ်ခါစေတယ်။

‌ခြေဖျားလက်ဖျားတွေပါ သိမ့်ခနဲတုန်ရီသွားတဲ့အထိ..

ဘယ်သူမှမမြင်အောင် တစ်ကိုယ်တည်းခိုးပြုံးနေမိတဲ့အထိ..

ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားမိလောက်တဲ့အထိ..

အဲ့ဒါ ဆုံးဖြတ်ရခက်တဲ့ အိပ်ရာဝင်အတွေးတွေပဲ။

_______________

"ပတ်ချန်းယောလ်... မင်းကို လိုက်ရှာနေတာ"

နေရောင်ခြည်ဖျဖျထွေး‌တဲ့ညနေခင်းမှာ လန်ပြန်နေတဲ့ရှေ့ဆံစတွေကို ခေါင်းစွပ်အောက် လက်နဲ့ထိုးသိပ်ထည့်ရင်း အနားကိုခပ်သွက်သွက်လမ်းလျှောက်လာတဲ့ ဘတ်ခ်ဟျွန်းဆီက ပထမဆုံးထွက်လာတဲ့အသံလေးက ချန်းယောလ်ရဲ့အသိစိတ်တွေကို ပြန်စုစည်းစေပြီး အချိန်တွေကို ပြန်လည်ပတ်စေခဲ့သည်။

ရင်ဘတ်ထဲမှာ ပတ်ပြေးနေတဲ့အကောင်လေးတစ်ကောင်ကတော့ အခုထိအရှိန်ပြေသေးပုံမရ။ မျက်စိတစ်မှိတ်အတွင်း ဘတ်ခ်ဟျွန်းကတော့ သူ့နဲ့တစ်ပေအကွာမှာရောက်နေနှင့်ပြီ။ အကာအရံရှိတဲ့ဘေးနားလေးမှာ ကပ်ရပ်နေတုန်း ရုတ်တရတ် ပုခုံးကိုလည်းဘတ်ခနဲ နောက်ကလာဖက်တဲ့အထိအတွေ့ကြောင့် လှည့်ကြည့်မိတော့ Kyungsoo....

ဘတ်ခ်ဟျွန်းနဲ့နှစ်ယောက်တည်းအ‌နေရမခက်အောင် ကယ်တင်ရှင်လာပါပြီ။ ရင်းနှီးနေပြီးသား စပ်ဖြီးဖြီးမျက်နှာကြီးတစ်ခုကလည်း Kyungsoo ခေါင်းနောက်ကနေထိုးထွက်လာသည်။

Every Cloud Has a Silver LiningWhere stories live. Discover now