bumping into you

437 88 9
                                        

ကျောင်းဝန်းထဲက စိမ်းစိမ်းစိုစိုသစ်ပင်ကြီးတစ်ပင်ဘေးမှာ အရပ်မညီတဲ့ကောင်လေးနှစ်ယောက်။

"ပြုံးပြုံးလေးနေလေ .. ကလေးကလည်း မလှမပပုံတွေထွက်လာဦးမယ်"

"မရိုက်ပေးချင်နေလေ.."

ချန်းယောလ်က ရှေ့ကဘွဲ့ဝတ်စုံပွပွယယနဲ့ ကောင်လေးရဲ့ တည်တင်းနေတဲ့နှုတ်ခမ်းထောင့်စွန်းတွေကို လက်မနဲ့လက်ညှိုးသုံးရင်း အတင်း‌ကွေးပြီး
ပြုံးခိုင်းတာတောင် ပြန်ပြန်တည်သွားသည်။

၅ နှစ်အကြာမှပထမဆုံး ပြန်တွေ့ရတဲ့သူကို
ရစ်နိုင်တာ တော်ရုံ skill မဟုတ်။ တကယ်ဆို ဖြေမဆည်နိုင်အောင် အလွမ်းသယ်ရမှာလေ။

အခုတော့ ရုတ်တရတ်ကြီး.... ဘွဲ့ယူတဲ့အခမ်းအနားမှာ ဗြုန်းစားကြီးပေါ်လာပြီး သူ့ကိုရင်တုန်သွားအောင်၊ စိတ်လှုပ်ရှားပြီး ငိုအောင်လုပ်တယ်။ ငိုပြီး မျက်ခွံကဖောင်းမို့လာရင် ဓာတ်ပုံထဲမှာရုပ်ထွက်မလှတော့ဘူးဆိုပြီး ရစ်နေတာ။

ချန်းယောလ်က အခမ်းအနားအမီ အချိန်ကိုက်ပြန်လာချင်လို့ ဟိုက schedule တွေကိုတောင်ဖျက်ပြီး သူ့အဖေကိုအတိုက်အခံလုပ်၊ ချစ်သူရှိရာမွေးရပ်မြေဆီ မရအရပြန်လာခဲ့တာ။

သူမျှော်လင့်ခဲ့တဲ့အတိုင်းပဲ။ ၅ နှစ်ကြာမှ ပြန်ဆုံရတဲ့ ဘတ်ခ်ဟျွန်းကအရင်လို သူ့အရပ်ကိုမမီမကမ်းနဲ့ပါပဲ။ မြင်မြင်ချင်းမှာပဲ လက်ထဲကပန်းစည်းတွေအကုန် ‌မြက်ခင်းစိမ်းပေါ် ချော်ချွတ်ပြီးပြုတ်ကျကုန်တယ်။ ရှေ့တူရူက ချန်းယောလ်ရှိရာ ဝမ်းသာမျက်ရည်တွေဝဲတက်ရင်း အရပ်ပိုရှည်လာတဲ့သူ့ခန္ဓာကိုယ်ကို အပြေးကလေးလာပွေ့ဖက်ထားတယ်။

ဘာစကားမှတောင်မပြောနိုင်ဘဲ ပုခုံးပေါ်မျက်နှာအပ်ပြီး ကလေးလိုတရှုံ့ ရှုံ့ငိုနေတာ ချန်းယောလ်ဝတ်ထားတဲ့ တီရှပ်အဖြူရဲ့အစွန်းလေးမှာတောင် ရေလောင်းချထားသလိုစိုစွတ်ကုန်ပြီ။ ဘေးကလူတွေကတော့ မပြောင်းမလဲ ကွက်ကြည့်ကွက်ကြည့်လုပ်နေတုန်းပါပဲ။

ဒါပေမဲ့ မရှက်ပါဘူး..... ချစ်ရတဲ့ဒီကောင်လေးနဲ့ကြည်နူးစရာအခိုက်အတန့်ကို ဘေးလူတွေကြောင့်အပျက်စီးမခံနိုင်ဘူး။

Every Cloud Has a Silver LiningWhere stories live. Discover now