ညနေ မိုးချုပ်ခါနီးမှာ ရေချိုးတဲ့ လုံလုံ့က
ခုတော့ ကိုယ်လေးနွေးနေတယ်။" ညနေဘက်ကြီး ဘာလို့ရေချိုးတာလဲ လုံလုံ့
ခုတော့ ဖျားတော့မယ်"
ရိပေါ်က စိုးရိမ်လို့ ပြောလိုက်ပေမဲ့ လုံလုံ့က
မျက်ရည်လေးတွေဝဲနေသည်။" ပြောလိုက်မယ်ဆို မျက်ရည်ဝဲပြီပဲ
ကောက စိတ်ပူလို့ပြောတာ ငိုစရာမှ မဟုတ်ဘဲ"" ဟင့်...ကောကော က သားကို မချစ်တော့တာ
ကြာပါပြီ အီး...ဟီး...ဟီး...ဟင့်"လုံလုံ့ရဲ့ စကားကြောင့် ရိပေါ်က
ဘာမှမပြောနိုင်တော့တဲ့အထိ စိတ်မကောင်းဖြစ်သွားသည်။
နန်းတော်ကို လိုက်သွားရတာနဲ့ ဆေးပညာစာအုပ်ထူကြီးတွေ
ဖတ်လိုက်ရနဲ့ ချိန်တွေမအားလပ်ခဲ့ပါဘူး။
ဒီအိမ်လေးကို ခနခနလာရင်လဲ အဘိုးရိပ်မိသွားမှာစိုးလို့
မလာဖြစ်ခဲ့။
ကလေးအတွေးပဲရှိသေးတဲ့ လုံလုံ့လေးက
ဒါတွေကို နားလည်မှာမဟုတ်။ရှောင်းကျန့်က လုံလုံ့ကို ကောက်ချီလိုက်ပြီး
" ရိပေါ် ကောကော က လုံလုံ့ကို ချစ်တာပေါ့
သူလဲ အလုပ်တွေအရမ်းများလို့ မလာဖြစ်တာပါ
လုံလုံ့ ငိုနေရင် သူလဲ ဘယ်လိုလုပ်စိတ်ကောင်းပါ့မလဲ
မငိုတော့နဲ့နော်"" အင်း...."
ရှောင်းကျန့် က လုံလုံ့ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။" ဒီညလဲ ပြန်မှာလား "
" လုံလုံ့ကို ဆေးတိုက်ပြီး သူအိပ်သွားမှ ပြန်မယ်"
ရိပေါ်က အမြဲတမ်း လုံလုံ့ကို ဂရုစိုက်သည်။
ဒါက လုံလုံ့အပေါ် ရှောင်းကျန့် အားကျရတဲ့အချက်ပင်။" မင်းရော ဘာတွေလုပ်နေလဲ ညီငယ်လေး ရှောင်းကျန့်"
ရိပေါ်က ညီငယ်လေးလို့ ခေါ်ပြန်ပြီ!!!" မြှားပစ်လေ့ကျင့်ရင်း ကလေးထိန်း"
" အင်း...ဒါနဲ့မင်းရဲ့လက်က ဘာနဲ့ရှမိသွားတာလဲ"
" မြှားချွန်နဲ့ ခြစ်မိတာ "
" လာ.. . ဆေးထည့်ပေးမယ်"
ရှောင်းကျန့်လက်ကို ဆွဲပြီး ဆေးထည့်ပေးနေတဲ့
ရိပေါ်ကို ကြည့်ပြီး ရှောင်းကျန့်က
* သူက ငါ့ကိုလဲ ဂရုစိုက်ပါတယ်*
ဟု တွေးလိုက်သည်။