နန်းတော်က တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းပါတယ်။
ငယ်ငယ်တုန်းက အဘိုးနဲ့တစ်ခါလိုက်ခဲ့ပေမဲ့
ခုလောက်တော့ မခမ်းနားသေးပေ။
ကျယ်လွန်းတဲ့ နန်းတော်ကို လိုက်ကြည့်နေရင်း" ရိပေါ် လာခဲ့တော့ "
လို့ အဘိုးရဲ့ခေါ်သံကြောင့် အဘိုးတို့ရပ်နေတဲ့
အဆောင်ဘက်ကို သွားလိုက်သည်။" ဝင်ကြရအောင်... "
ရိပေါ်နဲ့ အဘိုးဝမ်တို့ မိဖုရားကြီးအဆောင်ကို
ဝင်လိုက်တော့ နန်းတွင်းသူများနဲ့ သမားတော်များက
ဂါဝရပြုကြတယ်။အဘိုးဝမ်က မိဖုရားကြီးကို စမ်းသပ်လိုက်တော့
နှလုံးအားနည်းနေတာကို သိရသည်။
မိဖုရားကြီးအတွက် သောက်ရမယ့်ဆေးမြစ်တွေကို
ညွှန်ပေးပြီး မင်းကြီးနဲ့စကားပြောဖို့
မင်းကြီးနားနေတဲ့အဆောင်တော်ကို
သွားလိုက်သည်။ရိပေါ်က ဆေးသေတ္တာကို ဆွဲပြီး
နန်းတော်အနှံ့လျှောက်ကြည့်ရန်ပြင်လိုက်သည်။
အဘိုးက မင်းကြီးနဲ့စကားပြောရင် အနည်းဆုံး ၃ နာရီလောက် ကြာမည်။
တစ်ယောက်ထဲပြန်မှာကျ အဘိုးကခွင့်မပြုပါဘူး။
ဒါကြောင့် နန်းတော်ထဲ လျောက်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။
သာမန်ကောင်လေး တစ်ယောက်က
နန်းတော်ထဲလျှောက်သွားနေရင်
ရဲမက်တွေက လာဖမ်းကြမှာပေါ့...
ဒါပေမဲ့ သူက တစ်တိုင်းပြည်လုံးရဲ့အတော်ဆုံး
သမားတော်ကြီးဝမ်ရဲ့ မြေးဖြစ်တာကြောင့်
ဘယ်သူမှ လာမထိရဲကပါဘူး....၊၊နန်းတော်ထဲလျှောက်ကြည့်ရင်း
သစ်သားတံတားလေးပေါ်တက်လိုက်သည်။
ကြာပန်းတွေနဲ့ လှနေသောရေကန်ကြီးကို
ငေးကြည့်နေလိုက်တယ်။
*နန်းတော်ထဲမှာနေရတဲ့သူတွေက
စိတ်ရှုပ်ကြရမှာဖြစ်လဲ ဒီလိုလှတဲ့နေရာလေးကို
နေ့တိုင်းလာလို့ရတော့ ကောင်းလိုက်တာ*တံတားရဲ့တစ်ဖက်ကို လျှောက်သွားလိုက်တော့
အနက်ရောင်သစ်သားတွေနဲ့အဆောင်ကိုတွေ့ရသည်။
*ရေနံဆောင်များလား *
သိချင်စိတ်ကြောင့်ပဲ သူ အနက်ရောင်အဆောင်ကြီးကို
သွားမိသည်။" ဆရာ ကျောပြင်က အရမ်းနာနေတယ်မလား "
အဆောင်ထဲက ကောင်လေးတစ်ယောက်ရဲ့
အသံကိုကြားရတယ်။
အခန်းတံခါးဝကို အသာလေးတွန်းကြည့်ပြီး
ခေါင်းလေးပြူကြည့်လိုက်သည်။
အထဲမှာ ကောင်လေးတစ်ယောက်နဲ့
အိပ်ရာထဲလှဲနေတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။
တံခါးဖွင့်သံကြားလို့နှင့်တူတယ် ကောင်လေးက
သူ့ကိုလှည့်ကြည့်လာသည်။