Part - ( 2)

5K 409 12
                                    

နှင်းစက်လေးတွေ တဖွဲဖွဲ ကျနေတယ်
မီးရောင်အောက်မှာ နှင်းမှုန်လေးတွေကို ကြည့်နေရင်း
ရှောင်းကျန့်က ဆရာ့ကို စောင့်နေသည်။

" ဟိတ် ရှောင်းကျန့်"

ဆရာဖြစ်သူက အသံခပ်တိုးတိုးနဲ့ ခေါ်သည်။

သူတို့က တခြားသူတွေမသိအောင်
အထူးသဖြင့် ဘုရင်ကြီးမသိအောင်
မနက်အာရုဏ်ဦးအချိန်မှာ သင်ကြရသည်။

" ငါ ခုမှနိုးလို့ နည်းနည်းနောက်ကျသွားတာ
မင်း ဈေးထဲသွားချင် သွားလေ ဒီအချိန်ဆို ပေါက်စီပူပူလေးတွေ ရလောက်ပြီ "

" ခုလား... "

"အင်း ဒီနေ့တော့ ဘာမှမသင်တော့ဘူး
နားကြရအောင် ...ပြီးတော့ ဒါလေး"

ချောင်ယမ်က ဒဂါင်္းပြားလေး ၄ ခုကို
ရှောင်းကျန့်ရဲ့ လက်ထဲထည့်ပေးလိုက်သည်။

" အာ...ကျေးဇူးပါ ဆရာ"

" ရပါတယ် လူတွေမရိပ်မိအောင်ပဲ ပြန်လာခဲ့"

"ဟုတ်"

ဒဂါင်္းပြားလေးတွေကို လက်ထဲဆုပ်ပြီး ပြေးသွားတဲ့
ရှောင်းကျန့်ကိုကြည့်ပြီး ချောင်ယမ်က ပြုံးပြီး
ခေါင်းညိတ်မိလိုက်တယ်
ဆယ်ကျော်သက်ကောင်လေးရဲ့ ပျော်ရွှင်မှုက
အေးချမ်းသားပဲ။

ဈေးထဲရောက်တော့ မုန့်ရောင်းတဲ့ ဈေးတန်းကိုသွားတော့
မုန့်ချိုလေးတွေနဲ့ ပေါက်စီပူပူလေးတွေကို
အငွေ့တထောင်းထောင်းနှင့်မြင်နေရသည်။
အအေးဓာတ်ပိုနေတဲ့ ဆောင်းရာသီမနက်ခင်းလေးမှာ
ပူပူနွေးနွေးမုန့်များကို စားရမယ်ဆိုရင်
ခံစားချက်ရသ တစ်ခုကိုခံစားရလိုက်မည်။

" ပေါက်စီ ၂ ပြားဖိုးပေးပါ"

အငွေ့တထောင်းထောင်းထနေတဲ့ ပေါက်စီဗန်းရှေ့မှာ
ရပ်ပြီး မှာလိုက်သည်။

" ရပြီ "

ပေါက်စီတစ်လုံးကို လက်က ကိုင်ထားပြီး
ကျန်လက်တစ်ဖက်နဲ့ စားကာ
ဈေးကို ပတ်ကြည့်နေသည်။
မနက်စောစောအချိန်မို့ လူသိပ်မရှိပေ။
ဒီအချိန်လေးဆို သူအရမ်းသဘောကျတာ...

" ခနပဲနော် ပြီးရင်အမြန်လိုက်လာခဲ့ ရိပေါ်"
အဖြူရောင် ဝတ်ရုံနဲ့ သမားတော် ဖြစ်သယောင်
အဘိုးတစ်ယောက်က နောက်ကကောင်လေးကို
လှမ်းပြောနေသည်။

You Are My Own Paradise (Completed)Where stories live. Discover now