Part-(19)

2.4K 230 2
                                    

အဘိုးဝမ်က ဆေးသေတ္တာလေးကို ဆွဲကိုင်လို့
အိမ်ရှေ့အသင့်ရောက်နေတဲ့ ဝေါယျာဉ်ပေါ်ကို
တက်လိုက်ပြီး နန်းတော်သို့လိုက်သွားလိုက်သည်။

နန်းတော်ရောက်တာနဲ့ နန်းတွင်းသမားတော်တွေက
အုပ်စုလိုက်ကြီး သူ့အနားပြေးလားတာကြောင့်
သမားတော်ကြီးဝမ်ဟာ လန့်ပင်လန့်သွားရသည်။

" ဘာတွေ ဖြစ်လာကြတာလဲ"

" ဘုရင်အသစ်က သမားတော်ကြီးကို တွေ့ချင်လို့တဲ့"
သမားတော်တစ်ယောက်က အမောတကြီး ပြောလာသည်။

" အဲ့ဒါပြောဖို့ကို အမောတကြီးပြေးလာကြတာလား"

" ဟုတ်ပါတယ် ခုဘုရင်အသစ်က ကြောက်ဖို့ကောင်းတယ်လို့ ပြောကြတယ်လေ
အဲ့ဒါ သမားတော်ကြီး အခက်ခဲဖြစ်မှာစိုးလို့"

" ဒါက ငါ့ကို အခက်ခဲ မဖြစ်ပါဘူး
သွားလိုက်အုံးမယ်"

သမားတော်ကြီးဝမ် ဘုရင့်အဆောင်တော်ကို
သွားလိုက်တော့ ပြတင်းပေါက်အပြင်ဘက်ကို
ငေးနေတဲ့ ရှောင်းကျန့်ကို တွေ့ရသည်။
ဘုရင်တစ်ယောက်ရဲ့ အရှိန်ဝါကို ခံစားရပေမဲ့
ငယ်ရွယ်သေးတဲ့ထိုကောင်လေးအတွက်က
တစ်တိုင်းပြည်လုံးကို အေးချမ်းပြီးတိုးတက်အောင်
လုပ်ဖို့ အတော်လေးအချိန်ယူရအုံးမည်။
ကောင်ငယ်လေးကို မင်းကြီးလို့ခေါ်ရမှာက
သူ့အတွက်
နည်းနည်းတော့ ကသိကအောက်ဖြစ်စေတယ်။
သို့ပေမဲ့ ရာထူးအာဏာကို အကြောင်းပြုပြီး
ခေါ်ရမည်။

"ကျွန်တော်မျိုးကို အခေါ်ပါးလိုက်တယ်ဆို မင်းကြီး"
အဘိုးဝမ်က သက်ပြင်းကို ချပြီး စိတ်ကိုလျော့ချကာ
ပြောလိုက်သည်။

" အဆင်ပြေသလိုပဲ ခေါ်ပါ"

" မသင့်လျော်ကြောင်းပါ "

" သက်သောင့်သက်သာ ရှောင်းကျန့်လို့ပဲခေါ်ပါ "

" ..."

"ဒါအမိန့်ပါ သမားတော်ကြီး"

ရှောင်းကျန့်က တွေးလိုက်မိသွားတယ်။
မြေးအဖိုးနှစ်ယောက်က ခေါင်းမာတာချင်းတော့
တကယ်တူတာပဲ...။

သမားတော်ကြီး ဝမ်ရဲ့စ
" ဒါဆိုလဲ အဲ့အတိုင်းပဲခေါ်ပါမယ်.
ဘာအကြောင်းရှိလို့ ခေါ်တာလဲရှောင်းကျန့်"

You Are My Own Paradise (Completed)Where stories live. Discover now