အိပ်နေရင်းက မထသေးဘဲ မျက်လုံးဖွင့်ကြည့်ရုံရှိသေးတယ်
ရှောင်းကျန့်က ထိုင်နေရာမှ သူ့ဆီထလာသည်။" ဒီစာလေး ဖတ်ပြပေးပါလား"
သူ့ရှေ့ရောက်လာတဲ့ စာရွက်လေးကို
ရိပေါ်က ခနစိုက်ကြည့်နေမိတယ်။" အိပ်ငိုက်နေတာလား"
"မဟုတ်ပါဘူး အိပ်ရာနိုးနိုးချင်းမလို့
ပေးလေ ငါဖတ်ပြမယ်"
စာရွက်ကိုယူပြီး ရိပေါ်ဖတ်ပြဖို့လုပ်လိုက်သည်။
ပြီးတော့ ရှောင်းကျန့်ကို သူအားရင်
စာရေး စာဖတ်သင်ပေးရန်လဲ ဆုံးဖြတ်လိုက်၏။" မင်း ခမည်းတော်ကို လုပ်ကြံတဲ့သူကိုသိချင်ရင်
ထျန်လုံ ဆိုတဲ့သူဆီသွား
ထျန်လုံက အနောက်ဘက် 'စန်း'ရွာမှာနေတယ်
မင်း အဖြစ်မှန်ကို မသိချင်ရင်တောင်
ငါ့ကိုကူညီပေးပါ တဲ့"" သူဘာပြောချင်တာလဲ မသိဘူး"
" ငါဖတ်ပြတာကို နားမလည်လို့လား"
"မဟုတ်ဘူး 'အဖြစ်မှန်ကိုမသိချင်တောင်
သူ့ကိုကူညီပေးပါ' ဆိုတာကို နားမလည်တာ "" သူ့မှာ အခက်ခဲရှိနေလို့နေမယ်
ဒါနဲ့ မင်းဘယ်လိုလုပ်မှာလဲ"" အဲ့ ထျန့်လုံ ဆိုတဲ့ လူကို သွားရှာရမှာပေါ့
မဟုတ်ရင် ဒီလိုမျိုးကြီး တစ်သက်လုံးနေရမှာ..."" ဟုတ်ပါတယ် မင်းမှာအပြစ်မရှိဘူးဆိုတာ
သက်သေပြနိုင်ရင် ငါလဲအဘိုးနဲ့ပြန်နေရမယ်
ကောင်းလိုက်တာ...."
လို့ပြောရင်း မျက်လုံးတွေမှိတ်သွားသည်အထိ
ပြုံးလိုက်သည်။" အင်း..."
" ငါ မြို့ထဲသွားလိုက်အုံးမယ်
လုံလုံ့ကို သေချာကြည့်ပေးပါအုံး
မနက်စာကို လီဂျူလာပို့ပေးလိမ့်မယ်""ဘာသွားလုပ်ဖို့လဲ"
" ဆေးသွားကုရမယ်လေ မဟုတ်ရင်
ဘာနဲ့စားရမလဲ"" လိုက်ချင်တယ်လို့"
" ဘယ်လိုတွေလာပြောတာလဲ
မလိုက်ရဘူး "ရိပေါ်က ဆေးသေတ္တာလေးယူကာ အိမ်လေးထဲက
ထွက်သွားလေသည်။" တကယ် မလိုက်ခိုင်းတာပဲ"