Part -7 (Unicode)

2.8K 142 6
                                    


ကံကြမ္မာက ရှောင်းကျန့်ကို ဘယ်တော့ကမှ မျက်နှာမပေးခဲ့ပါဘူး...။
နှင်းမိုးတွေ ရွာသွန်းနေတဲ့ မနက်မှာပဲ
သူဟာ နန်းတော်ထဲကနေ ထွက်ခွာလာခဲ့ပါတယ်။
သေဒဏ်မပေးဘဲ ပြည်နှင်ဒဏ်ပေးသည်ကိုပဲ
ကျေးဇူးတင်ရမည်မသိ။
ပြည်နှင်ဒဏ်သင့်ခဲ့တဲ့သူ့ကို
' အေဖ့ကို ပြန်သတ်တဲ့ သားမိုက်'
ဆိုပြီး လူတွေက နောက်ထပ်နာမည်တစ်ခုကို
ပေးလိုက်ပါသေးသည်။

သူ့အိတ်ထဲမှာ ပါလာတာဆိုလို့ ဆရာပေးလိုက်တဲ့
ဓားရှည်တစ်လတ်နဲ့ မြှားတစ်စုံပဲ ပါလာပါတယ်။
နှင်းမိုးရွာနေတာကိုပင် ကျေးဇူးတင်ရမလိုပါပဲ
မဟုတ်ရင် လူတွေရဲ့ ရိုက်နှက်ခြင်းကိုခံရအုံးမည်။
' အဖေကိုတောင် ပြန်သတ်တဲ့ သားမိုက်' ဆိုပြီး....။

နှင်းမိုးတွေကို ကာကွယ်ဖို့ အပေါ်ဝတ်ရုံကိုချွတ်ပြီး
ခေါင်းပေါ်တင်လိုက်တာကြောင့် အကျီၤအပါးလေးနဲ့
ရှောင်းကျန့်ကို ပို၍အေးစေသည်။
သူ အိမ်တစ်အိမ်ကို ဝင်ခွင့်တောင်းရင်လည်း
ဘယ်အိမ်ကမှ သူ့ကိုဝင်ခွင့်ပေးကြမည်မဟုတ်ပေ။

ဒီအေအးဒဏ္ကို အံတုနိုင်ဖို့က အလွန်ပင်ခက်လှပါတယ်။
နှင်းမိုးတွေက အစက်မပြတ်အောင် ကျဆင်းနေသည်။
သူ့ခန္ဓာကိုယ်ထဲ စီးစင်းနေတဲ့ သွေးများပင် အေးခဲသွားမတက်။
ခြေတစ်လှမ်းကို လှမ်းဖို့ အားယူရင်းမှာပဲ
နှင်းတွေဖုံးနေတဲ့ မြေပြင်ပေါ်ကို လဲကျသွားပြီး
မျက်လုံးများကလဲ မှိတ်ကျသွားတော့တယ်...။

ရိပေါ် မနက်ခင်းရွာကျနေတဲ့ နှင်းမိုးတွေကို
ပြတင်းပေါက်မှ တစ်ဆင့်ကြည့်နေလေသည်။
ပြတင်းပေါက်ကို ပိတ်ထားလျက် အပြင်ဘက်ကို
ကြည့်နေရင်းမှာပဲ လူတစ်ယောက် မြေပြင်ပေါ်လဲကျသွားတာကို တွေ့လိုက်သည်။
နှင်းတွေကလဲ ထိုလူအပေါ် အရှိန်ပြင်းစွာနဲ့ ကျဆင်းနေလျက်...။

* ဒီအတိုင်းဆို သေတော့မှာပဲ *

ရိပေါ်က အိမ်ရှေ့မှ ချိတ်ဆွဲထားတဲ့ ထီးကိုယူပြီး
အိမ်ရှေ့ကိုထွက်ဖို့လုပ်သည်။
အလွန်အေးနေတာကြောင့် အပြင်ကိုထွက်ဖို့က
အမှန်ပင် ခက်ခဲလှ၏။
နောက်ဆုံးမှာတော့ အိမ်အပြင်သို့ ထွက်လိုက်ပါတယ်။

လဲကျနေသောလူကို မနိုင်မနင်းနဲ့ပဲ ထူပေးလိုက်သည်။
ဒါပေမဲ့ အရှိန်မထိန်းနိုင်ဘဲ ထိုလူက ပြန်လဲကျသွားတယ်
ဟူး...သက်ပြင်းရှည်ကြီးချလိုက်ပြီး
ရိပေါ်က ထိုလူကို ကုန်းပိုးဖို့လုပ်လိုက်ပြန်တယ်။
ဒါပေမဲ့လဲ ပြန်ကျသွားပြန်တယ်...

* ဘယ်လိုလုပ်ရပါ့မလဲ *

ဒီတစ်ကြိမ်လဲ ရိပေါ်က ထိုလူကို ကျောပိုးဖို့ထပ်လုပ်ပြန်သည်။
သူ့ခြေထောက်တွေလဲ အေးလွန်းလို့ ကျင်နေပြီ။
သူတို့အိမ်ထဲအမြန်ဝင်ရမည်
မဟုတ်ရင် နှစ်ယောက်လုံး ရေခဲပြီး သေတော့မည်။

ဒီတစ်ကြိမ်မှာတော့ အောင်မြင်စွာ ကျောပိုးနိုင်ခဲ့ပြီ။
ထိုလူရဲ့ အိတ်တွေကိုပါ တစ်ခါထဲယူလိုက်သည်။
သူ့ထက်အနည်းငယ်အရပ်ရှည်နေတာကြောင့်
အနည်းငယ်
မယိုဖရဲတော့ဆန်နေတယ်။

ရိပေါ်လည်း လူစိမ်းကို အိပ်ရာပေါ်တင်စေပြီး.
ခေါင်းပေါ်အုပ်ထားတဲ့ ဝတ်ရုံကို ဖယ်လိုက်တော့

" ဟမ်...သူက ဘယ်လိုဖြစ်ပြီး "
ရှောင်းကျန့်အကြောင်းကို သူသိသင့်သလောက်သိပြီးပါပြီ
မင်းကြီးကို သတ်လိုက်ပြီး ပြည်နှင်ဒဏ်ခံရတယ်ဆိုတာ
သူအပါအဝင် တစ်တိုင်းပြည်လုံးက သိပြီးကြသည်။
ဒါပေမဲ့ ထိုကောင်လေးက သူ့အဖေကိုတောင်
ုပြန်သတ်ရလောက်တဲ့အထိတော့ မရိုင်းဆိုင်းလောက်ဘူးလို့
ထင်မိသည်။

မင်းကြီးမှာ နောက်ထပ်သားတော်တစ်ပါးရှိသေးတယ်ဆိုတာကိုလဲ
မင်းကြီး နတ်ရွာစံတဲ့အချိန်မှပဲ တစ်တိုင်းပြည်လုံးက
သိကြရတယ်။
အင်း...ရှုပ်ထွေးတဲ့နန်းတွင်းရေးကို မစဉ်းစားတော့ပါဘူး။

ရိပေါ်က ရှောင်းကျန့်ကို အဝတ်တွေလဲပေးပြီး
ဆေးအပူဆီတွေလိမ်းပေးလိုက်ကာ
စောင်အထူကြီးကို ခြုံပေးလိုက်သည်။
စမ်းသပ်ကြည့်လိုက်တော့ ဘာမှမဖြစ်တာကြောင့်
သူလဲ ဆေးစာအုပ်တွေကိုသာ စောင်ခြုံပြီး
ထိုင်ဖတ်နေလိုက်သည်။

You Are My Own Paradise (Completed)Where stories live. Discover now