Part-(16)

2.5K 244 0
                                    

မနက်မိုးလင်းလာတော့ လုံလုံ့ကို နှိုးပြီး
မျက်နှာသစ်ပေးလိုက်ကာ အိတ်ထဲမှာကျန်ရှိနေသေးတဲ့
မုန့်အနည်းငယ်ကို အစာပြေစေရန် ကျွေးလိုက်သည်။

" စားပြီးရင် သွားကြရအောင်"

'စန်း'ရွာကို သွားဖို့ ရွာ၂ ရွာကို ဖြတ်သွားရအုံးမှာကြောင့်
အိမ်ရှင်တွေကို ကျေးဇူးတင်စကားပြောပြီး
မနက်စောစောပဲ ထွက်လာလိုက်သည်။

လုံလုံ့ရဲ့ လက်ကို ကိုင်ထားပြီး
ခရီးဆက်လိုက်ရာ  ပထမရွာကို ရောက်တော့
ရွာဝင်ပေါက်မှာ စောင့်နေကျတဲ့ လူအနည်းငယ်ကို
တွေ့ရသည်။
လက်ထဲမှာလဲ ဓားတွေ ကိုယ်စီနှင့်...။
လုံလုံ့ကတော့ ကြောက်လို့ သူ့ရဲ့လက်ကို
ပိုပြီး တင်းနေအောင် ကိုင်ထားသည်။

" မင်းတို့ ဘာလာလုပ်တာလဲ ကောင်လေးတွေ"

" စန်း ရွာကို သွားချင်လို့ပါ"

" စန်း ရွာကို လား
မင်းတို့အရွယ်လေးတွေ သွားတာက
အန္တာရယ်များတယ် သတိတော့ထားပေါ့
ငါတို့က ကလေးတွေမလို့ ငါတို့ရွာကနေ
ဖြတ်သွားဖို့ ဒီအတိုင်းလွှတ်ပေးလိုက်တာ"

" ကျေးဇူး"

ပထမတစ်ရွာကနေ ဖြတ်လာပြီး နောက်တစ်ရွာကိုရောက်တော့လဲ
ဒီအတိုင်းဖြတ်သွားခွင့်ပြုကြသည်။

'စန်း' ရွာကို ရောက်တော့ စစဝင်ချင်းမှာပဲ
တိရိစ္ဆာန်တွေကို သတ်ဖြတ်နေကြတာကိုတွေ့ရသည်။
အသတ်ခံရတဲ့ တိရစ္ဆာန်တွေရဲ့ အသံကလဲ
ဆူဆူညံပင်။
သေရမှာကို ကြောက်ပြီး ငယ်သံပါအောင်အော်ဟစ်နေကြတာကြောင့်
ထိတ်လန့်ဖွယ်ကောင်းလှတယ်။

ရှောင်းကျန့် လုံလုံ့လေးကို ချီလိုက်ပြီး အရှေ့ကိုဆက်လျှောက်လိုက်သည်။
ဒီတစ်နေရာကတော့ လူတွေကို ရိုက်နှက်နေကြတာကို
တွေ့ရသည်။
အညှာတာကင်းမဲ့စွာ ရိုက်နေကြပြီး.
အရိုက်ခံရတဲ့သူတွေရဲ့ တောင်းပန်သံတွေကိုလဲ
ကြားရပြန်တယ်။..

" တောင်းပန်ပါတယ် နောက်မလုပ်တော့ပါဘူး"
အက်ကွဲနေတဲ့အသံ ၊လည်ချောင်းခြောက်သွေ့နေလို့
ရှိသမျှအားနဲ့ တောင်းပန်နေတဲ့ ခပ်အက်အက်
အသံတွေကို ကြားရတာကြောင့်
ရှေ့ကိုမြန်မြန်လျှောက်ရတယ်။
သို့ပေမဲ့ ခြေထောက်ကအားမရှိသလိုခံစားလာရသည်။
စောနကအသံတွေက သူ့ကို သွေးပျက်စေတယ်။

You Are My Own Paradise (Completed)Donde viven las historias. Descúbrelo ahora