Part -(15)

2.6K 260 4
                                    

မြို့ထဲမှာ နေမကောင်းတဲ့သူတွေကို
ဆေးကုပေးပြီး ပြန်လာလိုက်သည်။
သူ့အရည်ချင်းက အဘိုးဝမ်ကိုမမှီသေးပေမဲ့
သမားတော်တစ်ယောက်ရဲ့ အရည်ချင်းတော့
အပြည့်ဝရှိတာကြောင့် ဆေးကုပေးရတဲ့အလုပ်က
သူ့အတွက်မခက်ခဲလှ။

တစ်နေကုန် လမ်းလျှောက်ပြီးပဲ
တစ်နေရာနဲ့တစ်နေရာ သွားရတာကြောင့်
ခြေထောက်ညောင်းနေပြီး ပင်ပန်းနေတယ်။
အိမ်ပြန်ရောက်ရင် ရေချိုးလိုက်ရင်တော့
လန်းဆန်းသွားမှာလို့ တွေးရင်း
လျှောက်လာလိုက်သည်။

အိမ်ပြန်ရောက်တော့ အရင်ကဆို ဖယောင်းတိုင်မီးဝါရောင်လေးကို မြင်နေကျပေမဲ့
ခုတော့ မှောင်နေပြီး တစ်အိမ်လုံးလဲ
တိတ်ဆိတ်နေ၏။

" လုံလုံ့ရေ.. ရှောင်းကျန့်... "
သူခေါ်ပြီးသည်တိုင် အိမ်ထဲမှ ဘယ်အသံမှ
မထွက်လာပေ။
ရင်ထဲ စိုးရိမ်စိတ်တွေ ပြည့်လာသည်။
သူတို့တွေ ဘယ်များသွားနေတာလဲ...။

ဖယောင်းတိုင်ကို မီးညှိလိုက်ပြီး
အိမ်ထဲဝင်လိုက်တယ်။
တစ်အိမ်လုံးမှာ လိုက်ရှာပေမဲ့ အရိပ်ယောင်တောင်
မတွေ့ပါ။

အပေါ်ထပ်အထူကို ဝတ်လိုက်ပြီး
မီးအိမ်လေးကို ယူလိုက်ပြီး
အိမ်ထဲကနေ ထွက်လာလိုက်ပြီး
ရှောင်းကျန့်နဲ့ လုံလုံ့ကို လိုက်ရှာဖို့ လုပ်သည်။

သစ်တောထဲကို သွားရင်း လမ်းမှားပြီး
မပြန်လာတက်တာနေမယ် လို့တွေးရင်း
သစ်တောအနှံကို လိုက်ရှာသည်။
သို့ပေမဲ့ မတွေ့။
တောအုပ်ကြီးမဟုတ်တာကြောင့်
သားရဲတိရစ္ဆာန်တွေမရှိတာကြောင့် သက်သာသွားသည်။

သစ်တောထဲမှာ မရှိတာကြောင့်
မြို့ထဲမှာ သွားရှာပြန်တယ်။
မြို့နဲ့ သစ်တောက အနည်းငယ်ဝေးသည်။
နှင်းမိုးရွာတော့မလား မသိ နှင်းတွေက
ပိုပိုပြီး ကျလာသည်။
နှင်းတွေပိုကျလာလို့ တစ်နေရာမှာ နားမယ်လို့
မတွေးခဲ့ပါ။
ရှောင်းကျန့်တို့ မြို့ထဲမှာ လမ်းမှားပြီး
နှင်းတွေထဲမှာပဲ မတ်ရပ်နေမလား
အဝတ်ပါးလေးတွေဝတ်ပြီး လျှောက်သွားနေမလားဆိုတာကိုပဲ
တွေးပြီး စိတ်ပူနေတယ်။

နင်းမိုးတွေ ရွာချလာတာကြောင့်
သူတစ်ကိုယ်လုံး အေးစက်နေပြီး.
စိုစွတ်နေသည်။
အေးလွန်းတာကြောင့် အပေါ်သွားနဲ့
အောက်သွားပင် အချင်းချင်းရိုက်မတက်။

You Are My Own Paradise (Completed)Where stories live. Discover now