နိုးထလာတော့ အရာရာဟာ နေလို့ကောင်းနေသည်။
ခန္ဓာကိုယ်နာကျင်ခြင်းမရှိပဲ နွေးထွေးနေတယ်။
စောင်ကို ဖယ်လိုက်တော့ လူတစ်ယောက်က
စာရေးခုံမှာ မှောက်အိပ်နေသည်။
သူဘယ်နေရာများ ရောက်နေတာလဲ....။
ဒီအတိုင်းပဲထိုင်နေရမှာလား ဒါမှမဟုတ် အိမ်ထဲက
ထွက်သွားရင် ကောင်းမလား...။" နိုးလာပြီးလား "
စာရေးခုံပေါ် ခေါင်းမှောက်နေတဲ့လူက ခေါင်းထောင်လာပြီး
မေးသည်။* ဟင်...ဝမ်ရိပေါ်ကြီးပါလား*
" အင်း ဘယ်လိုဖြစ်လို့...
" မင်း ငါတို့အိမ်ရှေ့မှာ လဲကျနေလို့
အိမ်ထဲခေါ်လာတာလေ ညီငယ်လေးရဲ့"" အဝတ်တွေကိုရော ဘယ်သူလဲပေးတာလဲ "
" အိမ်မှာ ငါပဲရှိတာလေ ဘယ်သူလဲပေးမလဲဆိုတာ
စဉ်းစားပေါ့""အို....
ရုတ်တရက်ကြီး ရှောင်းကျန့်က ပူရှိန်းရှိန်းကြီး
ဖြစ်လာသည်။" မနက်လဲ မိုးလင်းပြီဆိုတော့ မင်းဘယ်ကိုသွားမှာလဲ
ငါ့အဘိုးလဲ နက်ဖြန်ဆိုပြန်လာတော့မှာ"ရှောင်းကျန့်က ဘာမှမပြောပဲ ပြတင်းပေါက်ရှိရာကိုသွားတယ်။
ပြီးတော့ ပြတင်းပေါက်မှာ ကပ်နေတဲ့
နှင်းမှုန်လေးတွေပေါ်မှာ သူ့လက်ညိုးကို
အသုံးပြုကာ 'ဝမ်ရိပေါ် 'လို့ ရေးလိုက်မိသည်။သူ့စိတ်ထဲမှာ ' ဝမ်ရိပေါ်' လို့ရေးလိုက်တယ်လို့မှတ်ပေမဲ့
တကယ်တမ်းတော့ စာလုံးပေါင်းမမုန်ခဲ့။ရိပေါ်မှာ ရှာင်းကျန့်ဘာတွေလုပ်နေလဲဆိုတာ
သိချင်တာကြောင့် အနားသွားကြည့်လိုက်တော့
ပြတင်းပေါက်ပေါ်မှာ ကပ်နေတဲ့နှင်းတွေနဲ့
စာတွေရေးနေတာကို တွေ့သည်။
အရှေ့ဆုံးက ' ဝမ် ' ကိုတော့ ရိပေါ်နားလည်တယ်
နောက်ကစာလုံးတွေကိုတော့ သူနားမလည်တော့ပါဘူး...။" ဘာတွေရေးနေတာလဲ "
" အာ...
ရှောင်းကျန့်က လက်နဲ့အမြန်ပြန်ဖျက်လိုက်ပြီး" မင်းနာမည်..."
" ဘာလို့ဖျက်တာလဲ ပြီးတော့ အဲ့လိုရေးရတာမဟုတ်ဘူး
ဒီလိုမျိုး "