မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေသော ဒီလိုနေ့မှာ
ကံကြမ္မာအပြောင်းလဲ ဖြစ်သွားလိမ့်မည်လို့
မည်သူက ထင်မည်လဲ။...💛
နန်းတော်တစ်ခုလုံး အနီရောင်တွေနဲ့ လွှမ်းခြုံနေသည်။
ရှောင်းကျန့်တို့ တက်အားသလောက် ခင်းကျင်းထားတဲ့
အပြင်ဆင်ကို မိဖုရားကြီးက သဘောမကျတာကြောင့်
နန်းတွင်းသူများနဲ့ ပြန်လည်ပြင်ဆင်စေတယ်။ရှောင်းကျန့် အဆောင်ကိုပြန်ဖို့အလုပ်
ဝေါယျာဉ်တွေနဲ့ နန်းတော်ထဲဝင်လာကြတဲ့
လူအများကိုမြင်ရတာကြောင့် ခနရပ်ကြည့်နေမိသည်။
လက်ဆက်ပွဲဆိုတာ သူပထမဆုံးအကြိမ်မြင်ဖူးတာကြောင့်
အထူးအဆန်းဖြစ်နေတယ်။ဝေါယျာဉ်ရပ်လိုက်သည်နှင့် လှပတဲ့မိန်းကလေးက
ဆင်းလာတော့ အိမ်ရှေ့စံမင်းသားရှောင်းရန့်က
ထိုမိန်းကလေးဆီသို့ လျှောက်သွားသည်။
ရှောင်းရန့်နှင့် ထိုမိန်းကလေးတို့ ယှဉ်တွဲလျှောက်စေပြီး
မင်းကြီးနဲ့ မိဖုရားကြီးတို့ကို ဂါဝရပြုကြသည်။
ဂါဝရပြုပြီးထိတိုင်အောင် ရှောင်းကျန့်ဟာ ရပ်ကြည့်နေတုန်းပင်။ရှောင်းရန့်က ရှောင်းကျန့်ကိုမြင်တော့
မိဖုရားကြီးအနားသွားကာ တိုးတိုးပြောလိုက်သည်။
ထိုစကားတော့" ဟိုကောင်ရှောင်းကျန့်က သား.မိဖုရားလောင်းကို
ကြည့်နေတယ်"မိဖုရားကြီးက ခေါင်းညိတ်ပြပြီး
အနားမှာရှိတဲ့ ရဲမက်တွေကို အမိန့်ပေးလိုက်သည်။" ဟိုကောင်လေးကို အချုပ်ခန်းထဲထည့်ပိတ်ထားလိုက်"
ရဲမက်တွေ သူ့အနားရောက်လာမှ ရှောင်းကျန့်ကြည့်နေရာမှ
သတိထားမိသွားသည်။" ဘာလုပ်ကြဖို့လဲ "
ရဲမက်တွေက လက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်သည်။
ရှောင်းကျန့်ရုန်းပေမဲ့လဲ ရုန်းလို့မရ။
သူ့ကို ဘာကြောင့်ဖမ်းရတာကိုလဲ စဉ်းစား၍မရပါဘူး..." မင်းကို ဘာလို့ဖမ်းတာလဲ သိချင်လို့လား"
ရဲမက်တစ်ယောက်က ပြောလာသည်၊၊" အင်း..."
" မင်းက အိမ်ရှေ့မင်းသားရဲ့ မိဖုရားလောင်းကို
ကြည့်နေတာမလို့"