တနေကုန်နီးပါး အချုပ်ခန်းထဲမှာ နေလာရတာကြောင့်
ခြေတွေလက်တွေ ညောင်းနေပြီ။
အကြောဆန့်လိုက်ပြီး ဘေးကိုကြည့်လိုက်တော့
အဘိုးဝမ်က သူ့ကိုကြည့်နေသည်။" ဒီည အိမ်မှာပဲ လိုက်အိပ်"
" အဘိုးက စိတ်ဆိုးမပြေသေးဘဲနဲ့ကို"
" လိုက်ခဲ့ဆို လိုက်ခဲ့"
" ဟုတ်"
ရိပေါ်က အဘိုးဝမ်အိမ်မှာပဲ ပြန်အိပ်လိုက်တယ်
အဘိုးဝမ်က ညောင်းညာနေတဲ့အကြောတွေပြေအောင်
ခြေရည်စိမ်ခိုင်းတာကြောင့်
ရိပေါ်ခြေရည်စိမ်နေလိုက်သည်။
သူတို့တွေ ငါ့ကိုစိုးရိမ်နေမလား
ဆိုပြီး တွေးနေမိသေး၏။💛
ညကတဖြည်းဖြည်း ဥာဥ့်နက်လာသည်။
ရိပေါ်က မလာသေးတာကြောင့်
ဆက်ပဲစောင့်နေလိုက်သည်။
သူ့အဘိုးနဲ့အဆင်မပြေသေးတဲ့ရိပေါ်က
ကျိန်းသေ အိမ်ကိုပဲပြန်လာမည်။
သူပြန်သွားမှ ရိပေါ်ကလာရင် တစ်ယောက်ထဲဖစ်နေအုံးမယ်
ဒါကြောင့် ဆက်ပြီးစောင့်နေလိုက်သည်။
ခြင်တွေ အင်းဆက်ကောင်တွေကလဲ
ခြေထောက်ကိုကိုက်နေတော့ ခြေထောက်လှုပ်နေရသည်။
ဥာဥ့်နက်လာသည်နှင့်အမျှ အိပ်ချင်စိတ်ကလဲ လွှမ်းမိုးနေ၏။မနက်မိုးလင်းတော့ ရိပေါ် အဘိုးဝမ်ကို အကျိုးကြောင်းပြောပြပြီး သစ်တောထဲကအိမ်လေးဆီသို့
ထွက်လာသည်။
သစ်တောရဲ့ တစ်နေရာကိုအရောက် သူ့ခြေလှမ်းကို
ရပ်တန့်သွားစေသည်။
သစ်ပင် ပင်စည်ကို မှီပြီးအိပ်ပျော်နေတဲ့ ရှောင်းကျန့်က
ဒီကို ဘာကိစ္စနဲ့များ လာအိပ်နေရတာလဲဟု
တွေးလိုက်မိသည်။အိပ်ပျော်နေတဲ့ ရှောင်းကျန့်ရဲ့ ပခုံးကို လှုပ်ကာ
" ရှောင်းကျန့်...ဟေ့....ညီငယ်လေးရေ...
မျက်လုံးကို လက်နဲ့ပွတ်ပြီး ကြောင်တောင်တောင်လေးဖြစ်နေတဲ့ရှောင်းကျန့်က
သူဘယ်ရောက်နေလဲဆိုတာကို မသိတဲ့ပုံစံလေးဖြစ်နေသည်။" မင်း ဒီကို ဘာလာလုပ်တာလဲ"
" ခုမှပြန်ရောက်တာလား ဒဏ်ရာတွေရောရလာခဲ့လား
အရိုက်ရောခံရသေးလား"
ခုမှလောကကြီးကို သေချာမြင်ရတဲ့ရှောင်းကျန့်က
သူ့ကို စိုးရိမ်တကြီးမေးလာတော့ ဘာပြန်ပြောရမလဲတောင်မသိတော့။