သမားတော်ကြီးဝမ် ဟာ တံခါးပေါက်နားသို့
သွားရပ်လိုက်သည်။" မင်းက ဘာလို့ ချောင်းကြည့်နေရတာလဲ ကောင်လေး"
ရှောင်းကျန့်ဟာ လန့်သွားသည်။
သူချောင်းကြည့်နေတာကို သမားတော်ကြီးဝမ်က
ဘယ်လိုသိသွားတာလဲ။" မင်း ခုထိအဲ့မှာ ရှိနေတယ်ဆိုတာ သိတယ်"
" ဟို... ဝမ်ရိပေါ်ကို အပြစ်ပေးခံရမှာစိုးလို့ပါ"
" ဒါဆို ရိပေါ် အပြစ်ပေးမခံရအောင် မင်းလုပ်ပေးနိုင်လို့လား
ခုတောင် ငါအချိန်မီရောက်လာလို့လေ
မဟုတ်ရင် သူကျိန်းသေ အပြစ်ပေးခံရမှာ""..."
အထဲမှ ဘာမှပြန်ပြောသံမကြားရတော့
သမားတော်ကြီးဝမ်က ထပ်ပြောလာသည်။" ထားလိုက်ပါတော့...ကိုယ်ချစ်ခင်တဲ့သူတွေကို
ကာကွယ်ပေးချင်ရင် ကိုယ်တိုင်က တခြားသူတွေထက်
တစ်ခုခုကိုပိုပြီးထူးချွန်နေမှရတာ
အဲ့ထူးချွန်တာကိုအသုံးချပြီး တခြားသူထက်အာဏာကြီးအောင်လုပ်ရတယ်
ပြီးတော့ ဒီထက်ပိုပြီးကောင်းတဲ့နေရာမှာ နေချင်ရင်လဲ
ကိုယ့်မှာတစ်ခုခုတော်နေမှ "" ဟုတ်...ဒါပေမဲ့ ကျွန်တော့်မှာ ကာကွယ်ပေးရမဲ့သူမရှိဘူး"
" နောက်ရှိလာရင် ရှိလာမှာပေါ့ "
💛
အရင်လိုပဲ ပုံမုန်အချိန်တွေပြန်ရောက်လာသည်။
ရှောင်းကျန့်ဟာ မနက်အစောကြီးထကာ
ချောင်ယမ်ဆီမှ ပညာတွေကိုလေ့လာသင်ယူရတယ်။
ဟိုတလောက သမားတော်ကြီးဝမ်ပြောခဲ့တဲ့
စကားကို ပြန်ကြားယောင်လာပြန်တယ်။
သူက ဘာကိုပိုပြီးထူးချွန်တာလဲ သူကိုယ်တိုင်မသိပါဘူး.
ဆရာဖြစ်သူ ချောင်ယမ်ရဲ့ ကျွမ်းကျင်ပြောင်မြောက်
်လှတဲ့ သိုင်းပညာကိုပဲ
မသိစိတ်က အားကျနေပြီး သူ့မှာရှိတဲ့ ထူးချွန်တဲ့
အရာတွေကိုပင် သတိမထားမိ။" ဆရာ... "
" ဘာပြောဖို့လဲ ရှောင်းကျန့် "
" ဆရာ့ကိုမေးစရာရှိလို့ "
"အင်း မေးလေ"
" ကျွန်တော်က ဘာလုပ်တဲ့နေရာမှာ
ပိုပြီးတော်လဲ"