ရိပေါ်က အဘိုးဝမ်ဆီမှာပဲ ပြန်လာနေလိုက်တယ်
မတည်ငြိမ်တဲ့ တိုင်းရေးပြည်ရေးအခြေနေကြောင့်
ရိပေါ်တို့ မြေးအဘိုးနှစ်ယောက် နန်းတော်သို့
မသွားသေးပဲ အိမ်မှာပဲ ဆေးစာအုပ်တွေဖတ်လိုက်
ဆေးနည်းအသစ်သစ်တွေရှာလိုက်နှင့်
အေးဆေးနေကြသည်။
အဘိုးဝမ်ကလဲ ရိပေါ် သူနဲ့အတူပြန်လာနေတာကြောင့်
ရွှင်ရွှင်ပြပြဖြစ်လာပြီး ကျန်းမာရေးလဲပိုကောင်းလာတယ်။ဆေးမြစ်တွေကို ကြိတ်နေတဲ့ အဘိုးဝမ်က
အိမ်ရှေ့ရေစင်မှာ ဆေးမြစ်တွေရေဆေးနေတဲ့
ရိပေါ်ကိုပြောလိုက်သည်။" နန်းတော်ထဲမှာ တော်တော်ရှုပ်ထွေးနေတယ်တဲ့"
" နန်းတော်က အမြဲရှုပ်ထွေးနေမှာပဲလေ"
အဘိုးဝမ်က ဆက်ပြောလာသည်။
" ရှောင်းကျန့်က ဘုရင်နေရာကို ဆက်ခံလိုက်ပြီ"
ဆေးမြစ်တွေကို ဆေးနေရင်းမှ ရိပေါ်ကရပ်တန့်သွားသည်။
" ရှောင်းကျန့်က အရင်ဘုရင် ရှောင်းရန့်ကို
သတ်လိုက်ပြီးတော့တဲ့"" အဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေကို
အဘိုးက ဘယ်ကနေ ကြားလာတာလဲ"" အဘိုးက ဘယ်တုန်းက မဟုတ်တဲ့အကြောင်းတွေကို
ပြောဖူးလို့လဲ ရိပေါ်""..."
" နက်ဖြန် နန်းတော်ကို သွားရမယ်
ဘုရင်အသစ်ရဲ့ ကျန်းမာရေး စစ်ရအုံးမယ်"" ဟုတ် "
" အဲ့ဒါ ...လိုက်ချင်လား"
" မလိုက်ချင်ပါဘူး အိမ်ပဲစောင့်နေမယ်လေ "
" ရတယ် မင်းကြီးကိုများ တွေ့ချင်မလားလို့
မေးကြည့်တာ"" မတွေ့ချင်သေးပါဘူး ...
ဒီမှာ အကုန်ဆေးပြီးသွားပြီ"" ထားခဲ့လိုက်
စာကြည့်ခန်းမှာ မနေ့ကစာအုပ်ကို သွားဖတ်နေ"" စာပဲဖတ်ခိုင်းနေတယ် လက်တွေ့ကျ မသင်ပေးပဲနဲ့"
" လက်တွေ့သင်ချင်ရင် နန်းတော်လိုက်လေ"
" တော်ပါပြီ စာပဲသွားဖတ်တော့မယ်"
စာကြည့်ခန်းထဲ ဝင်သွားတဲ့ ရိပေါ်ကို အဘိုးဝမ်ကကြည့်ပြီး
သက်ပြင်းချလိုက်သည်။
သူ့စိတ်ထဲမှာ ရိပေါ်ဟာ မလိမ္မာတဲ့ကောင်လေးတစ်ယောက်လိုဖြစ်နေတယ်၊
ဒါကြောင့် သင့်တော်တဲ့မိန်းကလေးတစ်ယောက်နဲ့
မင်္ဂဆောင်ပေးရင်ကောင်းမလားဆိုပြီး
တွေးလိုက်မိသည်။