ဆယ့်ရှစ်နှစ်တောင် မပြည့်သေးတဲ့
ရှောင်းကျန့်အတွက် ဖြစ်သွားတဲ့
အဖြစ်အပျက်တွေက အရွယ်နဲ့မလိုက်အောင်
ရှုပ်ထွေးပြီး ခက်ခဲလွန်းလှတယ်၊
ဘယ်ကနေ စပြီး ဘာလုပ်ရမယ်ဆိုတာကို
စဉ်းစားလို့တောင် မရသေး။
သူ ရိပေါ်ဆီက ထွက်လာတာ စောသွားတယ်လို့
တွေးလိုက်မိတယ်။သူ အမှန်တရားကို သိရပေမဲ့
ထိုအမှန်တရားအတွက် သက်သေပြစရာမရှိပြန်ဘူး။
ထျန်လုံ့ သတ်သေ သွားတာကိုလဲ တားဖို့ကြိုးစားပေမဲ့
တားချိန်ပင်မရခဲ့။
သူ့ဘယ်တော့မှများ တခြားသူတွေလို နေရမလဲ
မသိပေ။နောက်ဆုံးအနေနဲ့ သူက နန်းတော်ကို
သွားဖို့အကြောင်းဖန်လာခဲ့တယ်။
'စန်း'ရွာက စစ်ရေးလေ့ကျင့်ပြီးသွားတဲ့
လူတွေကို နန်းတော်သို့ပို့ပေးရမည်။
ဒီအထဲမှာ သူပါလိုက်ဖို့ တွေးလိုက်ပြီး
လေ့ကျင့်ရေးစခန်းကို သွားလိုက်တယ်။
အသက်ဆယ့်ရှစ်နှစ်ခန့်သာ ရှိသေးတဲ့သူ့ကို
လက်မခံခဲ့ပါဘူး။
ဒါကြောင့် သူ့ရဲ့ မြှားပစ်စွမ်းရည်ကို ထုတ်ပြလိုက်သည်။
မြှားချိန်လိုက်ရင် ချိန်လိုက်တဲ့နေရာကို ကွက်တိထိကျတာကို
တွေ့ရတော့ လူတွေက အံသြ သွားကြသည်။" မင်းကိုပါ ခေါ်သွားပေးမယ်"
ရွာရဲ့အကြီးကဲတွေက သွားရမည့်လူအရေအတွက်အတိုင်း
ဖြစ်အောင် ခပ်ပိန်ပိန်လှီလှီကောင်လေးတစ်ယောက်နေရာမှာ
ရှောင်းကျန့်ကို အစားထိုးလိုက်ကြသည်။
နောက်မှသိရတာက ထိုကောင်လေးက
'စန်း'ရွာအကြီးကဲတစ်ယောက်ရဲ့ သားပင်။ရှောင်းကျန့်က လုံလုံ့လေးကို သူ့အမျိုးတွေဆီကိုပဲ
အပ်ခဲ့လိုက်ပြီး လေ့ကျင့်ပြီးသားလူတွေနဲ့အတူ
နန်းတော်သို့ထွက်လာလိုက်သည်။
(သူ့= လုံလုံ့)💛
တစ်နှစ်ပတ်လုံး လိုလို ပျော်ပါးမူးယစ်နေတဲ့
ခုလက်ရှိ ဘုရင်ဖြစ်သူ ရှောင်းရန့်ကို
ပုန်ကန်ချင်တဲ့သူတွေက နေရာအနှံအပြားပင်။
ပြည်တွင်းတော်လှန်ချင်သူများအပြင်
ပြည်ပက ကျူးလွန်ချင်သူများလဲ များပြားလှသည်။
တိုက်ဆိုင်စွာပဲ ရှောင်းကျန့် နန်းတော်ကို
ူသွားတဲ့နေ့မှာပဲ ပုန်ကန်သူတွေဟာ နန်းတော်ကို
ဝိုင်းထားကြတယ်။