တစ်တိုင်းပြည်လုံးက အရင်ဘုရင်ဖြစ်တဲ့ရှောင်းရန့်ကို
မနှစ်သက်ကြလို့သာ ပုန်ကန်ထကြွခဲ့ကြပေမဲ့
ခုအခြေနေမှာတော့ သူတို့အလုပ်ကိုအေးဆေးလုပ်ပြီး
နေထိုင်ကြတယ်။
သို့ပေမဲ့လဲ ရှောင်းကျန့်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေကြသည်။
ဒီဘုရင်အသစ်ကရော အခြေနေကောင်းရဲ့လားဆိုပြီး
အနယ်နယ် အရပ်ရပ်ကစောင့်ကြည့်နေခြင်းသာ။::::::::::::::::::::::::::::::::::::::::::::::
" ရိပေါ်...ဒီမှာကြည့်အုံး"
အဘိုးဝမ်က အိမ်ကိုရောက်ရောက်ခြင်းပဲ
ရိပေါ်ရှိရာသွားပြီး စာအိတ်လေးကိုပြလိုက်သည်။" ဘာကြီးလဲ "
" ဖွင့်ကြည့်ရင် သိမှာပေါ့"
ရိပေါ်စာအိတ်ကို ဖွင့်ကြည့်လိုက်တော့
နန်းတော်တံဆိပ်ခေါင်းရိုက်နှိပ်ထားတဲ့
စာရွက်လေးကိုတွေ့ရသည်။
ထိုစာရွက်ပေါ်မှာ တွေ့လိုက်ရတဲ့စာက
* ဝမ်ရိပေါ် နန်းတော်ထဲကို နက်ဖြန် လာခဲ့ပေးပါ*"ဟား...သမားတော်ကြီးဝမ်ရေ ဘယ်က
အမိန့်စာအတုကြီးကို လာပြတာလဲ
ဘယ်ဘုရင်မှ အဲ့လိုပြောပြီး မမိန့်ဖူးဘူး"" ဘုရင်က ရှောင်းကျန့်လေ အဲ့ဒါမလို့
အဲ့လိုရေးတာပေါ့ မင်းမသွားရင်လဲ
နေလေ နယ်နှင်ဒဏ်ခံရမှ အဘိုးရေဆိုပြီး
လာမလုပ်နဲ့""..."
"ဘာလို့ နန်းတော်ကိုမသွားချင်ရတာလဲ
တခြားသူတွေဆို သွားချင်ကြလို့
မင်းကျမှ ဘယ်လိုဖြစ်တာလဲ"" ရှုပ်ရှုပ်ရှက်ရှက်တွေ မကြိုက်လို့လေ"
" ကိုယ်မှန်တာပဲလုပ်ရင် ဘယ်သူမှလာမရှုပ်ဘူး
နက်ဖြန်နန်းတော်ကို လိုက်ရမယ်နော် လိမ္မာတယ်"" ကလေးလိုတွေ လာမပြောနေနဲ့
ကျွန်တော်က ကလေးမဟုတ်တော့ဘူး"" ဒါဆို မိန်းမယူတော့ဖို့လား"
"် ငါ့အဘိုးအသက်ရွယ်ရလာပြီ
ဘေးနားမှာအဖော်လေးရအောင်ဆိုပြီး
မိန်းမမယူတာကို အထင်လာမသေးနေနဲ့
မိန်းမကဘယ်အချိန်ကောက်ယူယူရတယ်
အဲ့ကျမှ ငါ့မြေးကိုလွမ်းတယ်တွေဘာတွေ
မလုပ်နေနဲ့ သမားတော်ကြီးဝမ်"
