ဆေးမြစ်တွေကို စစ်ဆေးပြီးသွားကြတော့
နှစ်ယောက်သားအတူ ဈေးထဲ ပတ်ကြည့်နေကြတယ်။
ရိပေါ်က ဟိုအဝတ်စားထည်တွေရောင်းတဲ့ဆိုင်
ကြည့်လိုက်၊ ဒီအလှပန်းအိုးရောင်းတဲ့ ဆိုင်ကိုကြည့်လိုက်နှင့်
အလုပ်ရှုပ်နေ၏။
ဟိုဆိုင်ကိုငေး ဒီဆိုင်ငေးနှင့် ရိပေါ်က ရှောင်းကျန့်နဲ့
ဘေးချင်းကပ်လျှောက်နေရင်းကနေ
တဖြည်းဖြည်းအရှေ့ကိုရောက်ချင်းမသိ
ရောက်သွားခဲ့တယ်။သူ့ရှေ့ကနေ ဈေးဆိုင်တွေကိုငေးနေတဲ့
ရိပေါ်ကို ကြည့်ပြီး ပြုံးလိုက်မိတယ်။
ခနစောင့်အုံးလို့ ပြောလိုက်ရင်လဲ
ရိပေါ်ကငေးနေတဲ့ခံစားချက်လေးပျောက်
သွားမှာ စိုးတာကြောင့် ဒီအတိုင်းပဲ
နောက်ကနေလျှောက်လာလိုက်သည်။" အဲ့ဒါ အပယ်ခံကောင်လေးမလား
ခုတော့ ကျေးဇူးရှင်တွေကို သတ်ပြီး
ဘုရင်နေရာရောက်နေတာပဲ"သူနဲ့မလှမ်းမကမ်းက အမျိုးသမီးတစ်စုရဲ့
တီးတိုးပြောဆိုနေတဲ့အသံကိုကြားတော့
ရှောင်းကျန့်က မဲ့ပြုံးပြုံးလိုက်၏။
သူဘုရင်ဖြစ်သွားလဲ အမှန်တရားကို
လူတွေသိအောင် မဖော်ထုတ်နိုင်သေးသ၍တော့
ပြောနေကြအုံးမှာ။ဈေးတန်းထိပ်နားက တံတားပေါ်မှာ
ကောင်လေးတစ်ယောက် ရေကန်ထဲခုန်ချဖို့
လုပ်နေတာကို တွေ့တာကြောင့်
အမြန်ပဲ တံတားပေါ်ကို သွားဖို့အလုပ်
ထိုကောင်လေးကရေထဲခုန်ချသွားပေမဲ့
တံတားပေါ်မှ ရိပေါ်က ကောင်လေးလက်ကို
အမြန်ဆွဲလိုက်တော့ ထိုကောင်လေးက
လေပေါ်မှာတန်းလန်းဖြစ်နေသည်။
ထိုမြင်ကွင်းကို ခနကြည့်ပြီး
တံတားပေါ်ကိုအမြန်သွားလိုက်သည်။ရိပေါ် သူ့မှာရှိသမျှအားနဲ့ ကောင်လေးကို
အပေါ်ဆွဲတင်ဖို့လုပ်ပေမဲ့
ကောင်လေးက သူ့လက်ကိုပြန်ဆွဲလိုက်တာကြောင့်
သူပါရေထဲပြုတ်ကျမလို ဖြစ်သွားသည်။" မင်း ဘာလုပ်တာလဲ"
" နှစ်ယောက်စလုံး အတူသေကြရအောင်"
အေးတိအေးစက်ပြောလာတာကြောင့်
ရိပေါ်မှာ မျက်လုံးပင်ပြူးသွားရသည်။" ရူးနေလား အပေါ်ပြန်ထပ်"
ကောင်လေးက သူ့စကားကို ဂရုပင်မစိုက်ပဲ
သူ့ကိုပါ ဆွဲချဖို့လုပ်နေတာကြောင့်
ဒေါသထွက်သွားပြီး အပေါ်ကိုအားနဲ့ပြန်ဆွဲလိုက်မိသည်။