Part- (3)

3.9K 350 6
                                    

ရိပေါ် ဖြေးဖြေးချင်း လျှောက်နေရင်း
သူ့နောက်က တစ်ယောက်ယောက် ပြေးလာတဲ့
ခြေသံကြားရတာကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့
အမောတမောပြေးလာတဲ့ ရှောင်းကျန့်ကို တွေ့ရသည်။

" နာမည်....နာမည်... နာမည် ဘယ်လိုခေါ်လဲ"

" အာ ...ငါမပြောရသေးဘူးလား "

" အင်း "

" ငါ့နာမည်က ဝမ်ရိပေါ်
မင်းသိချင်တာသိပြီးရင် သွားတော့လေ
နောက်ကျအုံးမယ်"

" အင်း...သွားပြီ"

"ဒါနဲ့ မင်းမောနေရင် ဒီရေဗူးယူသွားပါလား"
ရိပေါ်က သူဆောင်ထားနေကျ သစ်သားရေဗူးလေးကို
လွယ်ထားတဲ့အိတ်ထဲက ထုတ်ပေးလိုက်သည်။

" ကျေးဇူး "

သူစိမ်းတွေစကားပြောဖို့တောင် ခက်ခဲတဲ့ရိပေါ်က
ထိုကောင်လေးကိုတော့ အလိုလိုခင်နေမိတာ
သူ့ကို သူတောင်အံသြနေမိသည်။

ရှောင်းကျန့် ဘယ်သူမှမသိခင် နန်းတော်ထဲရောက်ဖို့
အမြန်ပြေးရသည်။
နန်းတော်ထဲရောက်လာတော့ နန်းတွင်းသူများက နိုးနှင့်နေပြီ။
အင်း...သူတော့ပြစ်ဒဏ်ပေးခံရတော့မယ်။

" ရှောင်းကျန့် အမြန်လာ"
ချောင်ယမ်က တိုင်အကွယ်ကနေ လှမ်းခေါ်သည်။
သူ အနားရောက်သွားတော့

" မင်း ဘာလို့နောက်ကျနေတာလဲ "

" ဒီမှာ ဆရာ့အတွက်"
အိတ်လေးထဲက စစ်သြူုကီးရုပ်ကလေးကို ထုတ်ပြီး
ပေးလိုက်တော့ ချောင်ယမ်က ပြုံးလာသည်။

" ဒါအတွက် နောက်ကျတာလား "
ရှောင်းကျန့် ခေါင်းညိတ်ပြပြီး

" တစ်စုံတစ်ယောက်ရဲ့ နာမည်ကို သိချင်လို့လဲ
သူ့နောက်လိုက်သွားသေးတယ်"

" သိရလာ လား"

" ဟုတ် "

" အဆောင်ကို ပြန်ကြရအောင်"

" နှစ်ယောက်စလုံးရပ်လိုက်"
ချောင်ယမ်နဲ့ ရှောင်းကျန့် သူတို့ရဲ့
ခြေလှမ်းတွေရပ်တန့်သွားသည်။
ဒါကျိန်းသေပေါက် မင်းကြီးရဲ့အသံပင်....။

အနောက်ကို ပြန်လှည့်ပြီး ဦးညွှတ်ပြလိုက်ကြသည်။

" နန်းတော်ထဲက ခိုးထွက်တဲ့သူနဲ့ အကြံပေးတဲ့သူ
နှစ်ယောက်လုံးမှာ အပြစ်ရှိတယ်မလား"

You Are My Own Paradise (Completed)Donde viven las historias. Descúbrelo ahora