Christmas ရဲ့အနှစ်အရသာက ဘာရယ်လို့တော့သေချာမသိပေမဲ့ Hyung မရှိတဲ့ Christmas ကတော့ အရင်နှစ်တွေကထက်စာရင် ခြောက်ကပ်လို့နေသည်။
ပြတင်းတံခါးဆီကနေတစ်ဆင့် မြင်နေရတဲ့ မြင်ကွင်းကလည်း နှင်းဖြူဖြူ တွေနဲ့ပြည့်နှက်နေတာမို့ Hyung ကိုပိုလို့လွမ်းပါ၏။ ဆိုင်ဆိုင် မဆိုင်ဆိုင် Hyung ကိုပိုလွမ်းတာက ပိုလွမ်းတာပါပဲလေ။
အလုပ်ကိစ္စနဲ့ New York ကို ခရီးထွက်သွားခဲ့သည်မှာ နှစ်ပတ်ပင် ကျော်လို့နေချေပြီ။ ဖုန်းပုံမှန်ဆက်၊ စာပုံမှန်ပို့သည်ဆိုသော်ငြား အနားတွင်ချစ်ရသူရှိနေသည့်ခံစားချက်ကိုတော့ ဘယ်အရာကမှ အစားထိုးမရနိုင်ကြောင်း ကျွန်တော်လက်ခံရပါလိမ့်မည်။
"Seokjin စားလေကွာ။ မင်းအတွက် ငါ့ Baby က အပင်ပန်းခံပြီးလုပ်ပေးထားတာ။ မင်းပြောတော့ cookie စားချင်တယ်ဆို"
"မတူဘူး။ မတူဘူးလို့။ Hyung နဲ့တူတူ ကိုယ်တိုင်လုပ်ပြီးစားရတဲ့ cookie တွေနဲ့ တူကိုမတူဘူး။"
"မင်းက ငါ့အချစ်လုပ်ထားတဲ့ cookie တွေကို မကောင်းဘူးလို့ပြောနေတာလား။"
"တော်ပါတော့ Jungkook ရယ်။ သူ့ဟာသူ လွမ်းနာကျနေတာ ကျပါစေ။ ပြီးရင်နေနိုင်တာလည်းမဟုတ်ဘဲ သူဘာသာသူကောက်စားလိမ့်မယ်။"
Hoseok ဝင်ဟန့်တော့မှ မဲ့ကာရွဲ့ကာဖြင့် ကျွန်တော့်ကို လစ်လျူရှုပြီး လက်ထဲမှာ ဂစ်တာကို အာရုံပြန်ထားလေတော့သည်။ Hoseok ကလည်း Jungkook ရောက်တတ်ရာရာလျှောက်တီးနေသော သံစဥ်အပိုင်းအစများကို လက်ခုပ်လေးတီးကာဖြင့် အားပေးနေတော့၏။
ပြောရင်တော့ မင်း Hyung မရှိတုန်းပျင်းမနေအောင် လာနေပေးတာပါဆိုပြီး သူတို့ရှိနေကာမှ Hyung ကိုပိုလွမ်းရသည်ကို မသိလေရော့သလား။ ဆိုင်ဆိုင် မဆိုင်ဆိုင် Hyung ကိုတကယ်ပိုလွမ်းရပါ၏။
လွမ်းလွန်းလို့ ဗိုက်တောင်ဆာလာပြီဖြစ်လေရာ မတတ်နိုင်တော့သည့်အဆုံး Hoseok လုပ်ထားသည့် Cookie ကိုသာ စားရပါတော့သည်။
အရသာအတော်အတန်ရှိသော မုန့်ကို တစ်ကိုက်ချင်းဝါးနေသည်ကိုတွေ့တော့ ဟော..ငါမပြောဘူးလားဆိုသည့် အကြည့်မျိုးဖြင့် လှောင်ရယ်ချင်နေသော Hoseok မျက်နှာပေးကိုလည်း တွေ့ဖြစ်အောင်တွေ့လိုက်ပါသေး၏။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.