8.ရူး​စေ​လောက်​သော ရှုပ်​ထွေးမှုများကို ကြုံရခြင်း။

1.9K 286 44
                                    

Hyung ဟာ Suga Hyung ရဲ့ Fanboy ဖြစ်​ကြောင်းကိုသိလိုက်ရခြင်းမှာ ကျွန်တော့်အတွက်တော့ သိပ်ကို ဝမ်းသာစရာသတင်းဖြစ်သည်။

သူကလည်း ကျွန်တော့်အခန်းကို မကြာခဏဆိုသလို လာတတ်ပြီး ကျွန်တော်ကလည်း သူ့အခန်းကို အားတာနှင့်သွားကာ သူဝယ်ထားသည့် merch များကို ရှာဖွေကြည့်တတ်၏။

ယခုလည်း Hyung အခန်းထဲသို့ရောက်နေပြီး ပစ္စည်းတွေကို ကလိနေခြင်းဖြစ်သည်။

"ကျွန်တော့်မှာ Shooky ပစ္စည်းတွေ သိပ်မရှိသေးဘူး။"

Shooky ဆိုတာ Line နှင့် Suga Hyung ပူးပေါင်းပြီး Line Sticker အတွက် Suga Hyung ကိုယ်တိုင် ဆွဲပေးထားတဲ့ ကာတွန်း ဇာတ်ရုပ်လေးတစ်ခု။ တစ်နည်းအားဖြင့် Shooky=SUGA×LINE ပေါ့ဗျာ။

Suga Hyung ရဲ့အသားကဖြူဖွေးလွန်းတာ​ကြောင့် Sweetie တွေက သွေးစုပ်ဖုတ်ကောင်လို့ တင်စား​လေ့ရှိကြ ​သော်ငြား Shooky လေးကတော့ စားစရာ အညို​ရောင် Cookie တွင် မျက်နှာတပ်ထားသကဲ့သို့ဖြစ်နေတာကြောင့် Sweetie လေးတွေက Shooky ကိုသိပ်သဘောကျကြ၏။ ဒါကြောင့်လည်း Shooky ဟာ ကုန်ပစ္စည်း Brand တစ်ခုလိုဖြစ်လာပြီး Sweetie တွေအတွက် အသုံးဝင်မယ့် ပစ္စည်းအမျိုးမျိုးကို Shooky ရုပ်ပုံလေးဖြင့်ထုတ်လုပ်ရောင်းချပေး၏။

အသုံးဝင်စေမည့် ပစ္စည်းဟုဆိုသော်ငြား Sweetie တွေအတွက်တော့ Shooky ပုံပါပြီဆိုလျှင် Official ပဲဖြစ်ဖြစ် Unofficial ပဲ ဖြစ်ဖြစ် မထိရက် မကိုင်ရက် သိမ်းဆည်းထားတတ်၏။ ဒါကတော့ Sweetie တွေ၏ ရူးသွပ်ခြင်းအနုပညာတစ်ရပ်။

Sweetie ရူးရူးလေးများနည်းတူ Joonie Hyung ကလည်း Shooky Goods လေးတွေကို သူ့အခန်းထဲရှိ စင်ပေါ်တွင် သပ်သပ်ရပ်ရပ် စီ၍ တင်ထားလေ၏။ ကျွန်တော်ကလည်း Hyung ရူးပုံရူးနည်းကို အားကျကာ Shooky ပစ္စည်းများ ဝယ်ချင်စိတ်က တဖွားဖွား။

"ဝယ်ဖို့ကလည်း ပိုက်ဆံသိပ်မရှိတော့ဘူး။ စုရဦးမယ်။"

ကျွန်တော်ပြောတဲ့စကားကို Hyung ကတော့ ပြုံးတုံးတုံးလုပ်၍သာ Shooky sticker တွေနဲ့အလှဆင်ထားတဲ့ သူ့ PC ကြီးကိုပဲ သဲကြီးမဲကြီးကြည့်နေတော့၏။

"နာရီဝယ်မလို့စုထားတဲ့ ပိုက်ဆံတောင် ဟိုတစ်နေ့က Jungkook တို့နဲ့တွေ့ပြီး မုန့်စားလိုက်တာ ပြောင်ပြီ။ ဗြဲ ကိုယ့်ကိုကိုယ်သနားလွန်းလို့ ငိုတောင်ငိုချင်တယ်။ အဲ့ Shooky ကတစ်မျိူး Suga Hyung ကတစ်မျိုး ဆွဲဆောင်နေတော့ ဝယ်ချင်တဲ့ပစ္စည်း စာရင်းကလည်း တဖြေးဖြေးများများလာတယ်။ အဟင့် ဟင့်။"

FANBOY MATERIAL {nAmJiN}Where stories live. Discover now