ပုံမှန်ဘဝကြီးထဲက ပုံမှန်နေ့စွဲတစ်ခု။ ထုံးစံအတိုင်း ကစားသူများကကစား၊ စကားပြောသူများကပြော၊ မုန့်စားသူများကစားကာ သက်ဝင်လှုပ်ရှားနေသော ကျောင်းကန်တင်း၏ ထောင့်တစ်ခုတွင် ကျွန်တော်ထိုင်နေမိသည်။ဒါ ကျွန်တော့်အတွက်ပုံမှန်ပါပဲ။ အတန်းခေါင်းဆောင်တစ်ယောက်ပီပီ ကျောင်းကိုစောလာတတ်တဲ့ကျွန်တော်က ထူးထူးခြားခြားလုပ်စရာမရှိရင် Hoseok နဲ့ Jungkook ကိုထိုင်စောင့်နေလေ့ရှိသည်။
နည်းနည်းလေးပိုပြီး ထူးခြားသွားတာက အရင်နေ့တွေကဆို Suga Hyung အကြောင်းပဲဖြစ်ဖြစ် ကျောင်းစာကိစ္စပဲ ဖြစ်ဖြစ်သာစဉ်းစားနေတတ်ပေမဲ့ ဒီနေ့တော့ မှာထားတဲ့ Cola ခွက်ကို ပိုက်နဲ့မွှေနေရင်း Hyung အကြောင်းကိုစဉ်းစားနေမိခြင်းပင်။
Hyung နဲ့ကျွန်တော် ချစ်သူဖြစ်တာ ဒီနေ့ဆို တစ်လပြည့်ပြီ။ Hyung ကတကယ့်ကို Boyfriend Material ပီသသည်။ ကျွန်တော့်ကိုမျက်စိဒေါက်ထောက်ကြည့်ကာ ဂရုစိုက်ပေးသည်။ ချစ်သူဖြစ်ပြီးသည့်နောက်လည်းအစဉ်အလာမပျက် ကျောင်းသွားကျောင်းပြန် သူ့ကားနှင့်သာ အကြိုအပို့လုပ်သည်။
ကျေနပ်မိပါသည်။ ပျော်စရာလည်းကောင်းသည်။ သာမန် Relationship တစ်ခုဆိုသော်ငြား မပျင်းရိမိ။ Hyung နဲ့အတူရှိနေရတာကိုကပင် စိတ်လှုပ်ရှားစရာကောင်းနေတော့သည်။
သို့သော် ကျွန်တော်စိုးရိမ်မိသည်လည်းရှိသည်။ ကျွန်တော်က Hyung အတွက်ငြီးငွေ့စရာကောင်းနေမှာကိုစိုးရိမ်သည်။ သူ့ထက်ငယ်တဲ့သူမို့ အမြဲလိုလိုကပ်ချွဲမိသည်။ ထစ်ခနဲရှိ စိတ်ဆိုးစိတ်ကောက်ချင်မိသည်။ မချော့ပြန်လျှင်လည်း ဒေါသတွေထွက်ကာ ပေါက်ကွဲမိသည်။ထိုအရာများကလည်း ကျွန်တော့်ပင်ကိုစရိုက်များဖြစ်တာကြောင့် ပြောင်းလဲလိုက်ဖို့ မလွယ်ကူ။ ထို့ကြောင့် Hyung အနေနှင့် ကျွန်တော့်အပေါ်စိတ်ကုန်သွားမှာကို စိုးရိမ်နေမိသည်။
Hyung ကိုကျွန်တော်ဆွဲထားချင်သည်။ Hyung ကျွန်တော့်ကိုထားမသွားနိုင်စေရန် တစ်ခုခုနှင့်ချုပ်ထားချင်သည်။ သို့သော် မည်သည့်အရာနှင့်ချုပ်ရမည်ကိုလည်းမသိ။ Single ဘဝတုန်းကသာ ထိုအရေးအရာများတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပြီး အခြားသူများကို Relationship advice တွေပေးတတ်ခဲ့သော်လည်း ယခုကိုယ်တိုင်ကြုံလာသောအခါတွင်မူ မစဉ်းစားတတ်တော့ချေ။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.