"Hyung...ထတော့လေ။ ကျွန်တော်မနက်စာပြင်ပေးထားတယ်။ ထစားတော့နော်။"နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူ့ရဲ့ပါးလေးကို ခပ်ဖွဖွတို့ထိရင်းနှိုးတော့ အင်း..အဲ အသံပြုရင်းမျက်လုံးမပွင့်တပွင့်နှင့်စကားဆိုသည်။
"ကလေး..အစောကြီးနိုးနေတာလား။ ပင်ပန်းနေမှာကိုဘာလို့ကောင်းကောင်းမအိပ်တာလဲ။"
ဟာ...ဒီလူကြီးကတော့မနက်မျက်လုံးနှစ်လုံးပွင့်တာနဲ့ပေါက်ကရတွေကစပြောနေပြီ။ လူကသူ့လာနှိုးတာတောင်မျက်နှာပူနေပါတယ်ဆိုမှ။
"ဘာမှမပင်ပန်းဘူး။ ကျုပ်ကခင်ဗျားကြီးကောင်းကောင်းစားရအောင်မနက်စာလုပ်ပေးထားတာ။ မစားချင်လည်းနေတော့။ ကျုပ်ဘာသာကျုပ်ပဲသွားစားတော့မယ်။"
အာ....သွားပြီ။ကိုယ့်ဘာသာကိုယ်ပြောပြီး ကိုယ့်ပါးစပ်ကိုယ်ပိတ်ရိုက်ချင်သွားသည်။ ဒီအကျင့်သေမှပျောက်တော့မှာလား။
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ကိုယ်အခုထပါ့မယ်။ မျက်နှာသစ်ပြီးဆင်းခဲ့မယ်။ ကလေးအောက်မှာစောင့်နေနော်။"
ပြောပြီးတာနဲ့ကပျာကယာထသွားတာကြောင့် ကျွန်တော်ပြောချင်တဲ့စကားကိုတောင်ပြောခွင့်မရလိုက်။ ဒီ Hyung နဲ့တော့ခက်တော့တာပဲ။
"ဘယ်လိုလုပ်ရမလဲ။"
သူပြောသလိုနာခံဖို့အတွက် အခန်းအပြင်ကိုထွက်လာလိုက်သော်လည်း စိတ်ထဲကမူ အခုနကပြောလိုက်တဲ့စကားအတွက်စိုးရိမ်နေမိသည်။
ရိုင်းစိုင်းသောစကားအသုံးအနှုန်းများပါမသွားဆိုသော်ငြား ခင်ဗျားတွေ ကျုပ်တွေနဲ့ မာမာထန်ထန်ပြောလိုက်မိသည်လေ။ သူစိတ်ဆိုးသွားမှာတော့မဟုတ်လောက်ဟုထင်မိသော်ငြား စိတ်ခုသွားမည်ကိုတော့စိုးရိမ်မိသည်။
အင်း...ကျွန်တော်ညကတည်းကဆုံးဖြတ်ထားသည်လေ။ Hyung ကိုရိုရိုကျိုးကျိုးဆက်ဆံဖို့၊ Hyung စိတ်မပျက်ရစေရန်ကောင်းကောင်းမွန်မွန်နေထိုင်ဖို့၊ ထို့နောက် Hyung ကျွန်တော့်နားကထွက်မသွားစေရန် အတတ်နိုင်ဆုံး....မဟုတ်သေးဘူး။ လုံးဝလုံးဝထွက်မသွားနိုင်အောင်သေချာဆွဲထားဖို့။
YOU ARE READING
FANBOY MATERIAL {nAmJiN}
Roman d'amourThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.