"Hyung ကြောင့်ဖျားရတာဆိုတော့...ကျွန်တော့်ကိုဆေးမတိုက်ဘဲ တခြားနည်းနဲ့ကျွန်တော့်အဖျားတွေကို Hyung ယူပေးမလား။"သူ့နားနားကိုကပ်ရင်း တမင်လုပ်ယူထားခြင်းမဟုတ်သော ရမက်ပြင်းပြသည့်လေသံဖြင့်ပြောတော့ Hyung ခါးအနည်းငယ်မတ်သွားသည်ကို ခံစားလိုက်ရသည်။ ကျွန်တော့်ချစ်သူကြီးကတစ်ခါတစ်လေကျ အရမ်း Innocent တာပါဆို။
"မ..မဟုတ်သေးဘူးလေ။"
"ဘာကိုမဟုတ်သေးတာလဲ Hyung ရဲ့။ ဟိုတစ်ခါဖျားတုန်းကတောင် Hyung နမ်းလိုက်တာ တစ်ရက်ပဲဖျားတော့တာလေ။ အခုဆိုတစ်စက္ကန့်တောင်ဖျားတော့မှာမဟုတ်ဘူး။"
သူ့နှုတ်ခမ်းကိုနမ်းဖို့ကြိုးစားတော့ အခွင့်မပေးဘဲ စကားကိုဆက်ပြန်သည်။
"ကလေးကအခုမှကျောင်းတောင်မပြီးသေးဘူးလေ။"
"ဒါပေမဲ့အသက် ပြည့်ပြီးပြီလေ။"
"ဟုတ်တော့ဟုတ်တယ်လေ။ ဒါပေမဲ့...."
ဒါပေမဲ့ဆိုတဲ့စကားရဲ့နောက်ကို ရှေ့မဆက်ဘဲ ကြောင်တောင်တောင်လုပ်နေတာကြောင့် ကျွန်တော့်စိတ်တွေပြာယာခတ်သွားသည်။ ဝမ်းလည်းနည်းလာသည်။ သူတကယ်ပဲကျွန်တော့်ကိုမလိုချင်လို့ငြင်းဆန်နေတာလား။
"ရပြီ Hyung..။"
အဲ့ဒီတစ်ခွန်းတည်းသာကျွန်တော့်နှုတ်ကနေထွက်လာနိုင်စွမ်းရှိတော့သည်။ သူ့ခြေထောက်တွေကိုခွထိုင်နေရာကနေ လျင်လျင်မြန်မြန်ထလိုက်ပြီး ရေချိုးခန်းထဲကိုပြေးဝင်လာလိုက်သည်။
ရေချိုးခန်းထဲရှိမှန်ကို ကျွန်တော့်အမြင်အာရုံတွေရောက်သွားတော့ ကျွန်တော့်ပါးပြင်တွေစိုစွတ်စပြုနေပြီကိုသိလိုက်ရသည်။ တကယ်ကိုရင်ထဲပြည့်ကြပ်လာ၏။
အမှန်ဆို သူကျွန်တော့်ကိုထားသွားမှာကြောက်သည်။ ကျွန်တော့်လိုသူ့အပေါ်ဆိုးနွဲ့ပြီးအနိုင်ကျင့်တတ်တဲ့ချစ်သူမျိုးကိုသူထားသွားမလားလို့တွေးမိတဲ့အခါပေါင်းကမနည်း။
မွေးရာပါဗီဇတစ်ခုလိုဖြစ်နေတဲ့ ကျွန်တော့်ချစ်တဲ့သူတွေအပေါ်ဆိုးနွဲ့တတ်တဲ့အကျင့်ကလည်း ဘယ်လောက်ကြိုးစား ကြိုးစားပျောက်ပျက်မသွား။ သေကွဲကွဲရမှာကို ရူးနေအောင်ကြောက်သလို အသက်ရှင်နေလျက်နဲ့လည်း သူကျွန်တော့်ကိုထားသွားမလားဆိုတဲ့အတွေးတွေက အင်မတန်မှနှိပ်စက်တတ်လွန်းသည်။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomantikThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.