"A-to-the G-to-the U-to-the S-T-D"
ကျွန်တော် Kim Seokjin မနက်မိုးလင်းမျက်လုံးနှစ်လုံးပွင့်တာနဲ့ လုပ်စရာအလုပ်က နှစ်မျိုးတည်းရှိတယ်။
တစ်မျိုးက ကျွန်တော့် idol ကြီး Min Suga ၏ ဂန္တဝင် သီချင်းတွေကို Volume အကုန်ဖွင့်တာနဲ့ နောက်တစ်မျိုးမှာတော့ အဲ့ဒီ့သီချင်းတွေကိုလိုက်ဆိုရင်း မျက်နှာသစ်နေတာကြောင့် ခေါ်မကြားအော်မကြားဖြစ်နေရကောင်းသလားရယ်လို့ မေမေ့ဆီမှ ဆူခံထိတာသာဖြစ်တယ်။
Min Suga ဆိုတဲ့လူကြီးရဲ့ သီချင်းတွေဟာလည်း လူတစ်ကိုယ်လုံးကိုတင်မက စိတ်အစဉ်ကိုပါလွှမ်းမိုးနိုင်စွမ်းရှိလေတာမို့ လိုက်ဆိုချင်နေမိတာတော့ ကျွန်တော်လည်းမတတ်နိုင်။
"ဟဲ့အကောင် Kim Seokjin နင်ဟာလေ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ငါ့ဆီက အဆဲသံကိုနှစ်ခါမကြားရရင်မနေနိုင်ဘူး။ အိပ်ရာနှိုးတော့တစ်ခါ ခုတစ်ခါ။ သွား၊ ဟိုဘက်အိမ်ကို။ Joonie ကိုသွားခေါ်ခဲ့။ မနက်စာစားဖို့။"
ကျွန်တော့် Genius Min လေးရဲ့သီချင်းကိုပိတ်ပစ်ပြီး သားလိမ္မာအထွေးလေးအား ပြောချင်တာများ တရစပ်ပြောချသွားလေရဲ့။
"လာမှာပေါ့လို့။ Joonie Hyung ဒီမှာမနက်စာစားမယ့်နေ့တိုင်းကျွန်တော်ပဲသွားခေါ်နေကျဟာကို။ မျက်နှာသစ်နေလို့လေ။ လာခဲ့မယ်။"
နှုတ်ခမ်းကို အနည်းငယ်ဆူထော်လိုက်ပြီး ဖြေရှင်းချက်ပေးတော့မှ ကျေနပ်သွားဟန်နဲ့ အခန်းအပြင်ကိုပြန်ထွက်သွားတဲ့ မေမေ့ကို သိပ်တော့မကျေနပ်။ Min Suga ကြောင့် ကြည်လင်နေတဲ့ မနက်ခင်းလေးကို ဖျက်ဆီးပစ်လိုက်ပြီလေ။
မထူးတော့တာနဲ့ မျက်နှာသစ်ပြီး တွေ့ကရာ Hoodie တစ်ထည်ကိုကောက်စွပ်ကာ ဟိုဘက်အိမ်သို့ထွက်လာလိုက်တယ်။
"Hyung ရေ၊ မနက်စာလာစားတဲ့။ အမေကခေါ်ခိုင်းလိုက်တယ်။"
အိမ်ထဲမဝင်ခင် တံခါးဝကနေအော်ပြောရင်း ဝင်လာခဲ့ပြီးမှ အိမ်ရှေ့ခန်းမှာထိုင်နေတဲ့ ဧည့်သည်တစ်ယောက်ကိုတွေ့လိုက်ရတာမို့ အနည်းငယ်အားနာသွားမိသည်။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomansThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.