သုံးပွင့်ဆိုင်...သုံးပွင့်ဆိုင်။ တော်တော်ရှုပ်တဲ့သုံးပွင့်ဆိုင်။ ကျွန်တော်သိပ်မုန်းတဲ့သုံးပွင့်ဆိုင်။ ချီးထုပ်လိုသုံးပွင့်ဆိုင်။ကျွန်တော်လေ scientist တစ်ယောက်သာဖြစ်မယ်ဆိုရင် လူတွေရဲ့ခေါင်းထဲကို မွှေနှောက်လေ့လာပြီး လူတစ်ယောက်တည်းကို နှစ်ယောက်မချစ်နိုင်တဲ့ Software တီထွင်မယ်လို့တောင် တွေးမိတယ်။
သူတို့ကိုယ်တိုင်လည်းနာကျင်ရသည်။ ဘေးပတ်ဝန်းကျင်ကလူတွေလည်း အေးအေးဆေးဆေး မနေရ။ အတော့်ကိုစိတ်ရှုပ်ဖို့ကောင်းသည်။
ဒီနေ့မိုးကသည်းကြီးမည်းကြီးကိုရွာနေသည်။ ဒီလိုမိုးရွာတဲ့နေ့ ကျောင်းပိတ်ရက်ဆိုလျှင် ကျွန်တော် ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းအိပ်ယာလေးနဲ့ သာယာပျော်မြူးအကြည်စိုက်နေရမှာကို အခုတော့ အဲ့ဒီကျွန်တော်မုန်းပါသည်ဆိုသည့် သုံးပွင့်ဆိုင်ကိစ္စကို ဖြေရှင်းရန် စားသောက်ဆိုင်တစ်ဆိုင်တွင် လာပြီး ငုတ်တုတ်ထိုင်နေရသည်။
Jungkook တစ်ယောက် ကျောင်းလည်းမတက်၊ ကျွန်တော်တို့နဲ့လည်းအဆက်အသွယ်မလုပ်တာ မနေ့ကဆို တစ်ပတ်တင်းတင်းပြည့်သွားပြီ။ ဒီကောင်သူလုပ်ထားတဲ့အပြစ်ကို သူကိုယ်တိုင်ရင်မဆိုင်ရဲတာ။ ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ ချစ်လှစွာသော ချစ်သူကြီးက ဒီကိစ္စကို ကျွန်တော်တို့ကပဲ ဦးဆောင်ဖြေရှင်းပေးရမည်ဟုဆိုလာသောကြောင့် ချစ်သူရဲ့စကားကိုနားထောင်သောအားဖြင့် Hoseok နဲ့ Taehyung နှစ်ယောက်ကိုဒီကိုချိန်းထားခဲ့သည်။
Taehyung ကကျွန်တော်တို့နဲ့အတူလာ၍ ရောက်နေပြီဖြစ်သော်လည်း Hoseok ကရောက်မလာသေးသောကြောင့် စောင့်နေရသည်။
"ဟိုမှာ Hoseok လာပြီ။"
အဝင်ပေါက်နားကို လက်ညှိုးထိုးပြီး Hyung ကပြောလိုက်တာကြောင့် ကျွန်တော်လှည့်ကြည့်လိုက်တော့ လေးတိလေးကန်နဲ့ ခေါင်းငိုက်စိုက်ကျကာ လာနေသည့် Hoseok ကိုမြင်လိုက်ရ၏။ သူ Taehyung ကိုရင်ဆိုင်ရန် ဝန်လေးနေသည်ထင်။
"Sorry ပါ။ ငါနည်းနည်းနောက်ကျသွားတယ်။"
"ရပါတယ်။ Hoseok Hyung။ ဒီမှာလာထိုင်လေ။"
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.