"ဝှါး ပျင်းလိုက်တာကွာ။ Kim Seokjin မင်းနော်။ ငါတို့ကိုအိမ်ခေါ်ထားပြီး TV တစ်လုံးနဲ့ပစ်ထားတယ်။ မင်းဘာတွေကြည့်နေတာလဲ"
ပိတ်ရက်မို့ အိမ်လာခဲ့ပါဆိုသည်ကြောင့် အိမ်ရောက်နေတဲ့သူတွေကို ပစ်ပြီး ဖုန်းကြည့်နေမိတဲ့ကျွန်တော့်ကို Jungkook စိတ်တိုလာပုံပေါက်သည်။ Jungkook အိမ်ရောက်နေသည်ဟုကြားတာနှင့် သူ့အကိုကိုပါခေါ်ပြီး အိမ်ရောက်လာတဲ့ Taehyung ကသူ့ဘေးနားတပူးပူးတကပ်ကပ်လုပ်နေသည်ကို စိတ်မရှည်တော့တာလည်းပါမည်။
"ခဏလေးပါ။ Jungkook ရာ။ ငါ နာရီဈေးပေါတာရှာနေလို့ပါ။"
"မင့်နာရီကဘာဖြစ်လို့လဲ။"
"ငါ့နာရီဟိုတစ်နေ့က ပျက်သွားပြီ Hoseok ရ။ လက်ပတ်ကြိုးကလည်း နှစ်နှစ်လောက်ပတ်ထားတာဆိုတော့ ပြတ်ချင်နေပြီ။"
"မင်းအမေကို ဝယ်ခိုင်းပေါ့ကွ။"
"ဝယ်ခိုင်းတာ အဆဲပဲခံလိုက်ရတယ်။ ကွန်ပျူတာဝယ်ပေးထားတာ မကြာသေးဘူးတဲ့။ ငါစုထားတဲ့ပိုက်ဆံလေးနဲ့ပဲ ဝယ်ရမှာ။"
"ကျွတ် ကျွတ် ကျွတ် သနားလိုက်တာကွာ။ မင်းအတွက် မျက်ရည်နှစ်စက်ပေါက်ခနဲပဲ။"
ကျွန်တော့်အဖြေစကားကို ဆိုဖာခုံပေါ် ခြေကားယားလက်ကားယားထိုင်ရင်း ပြောင်ပြနေတဲ့ Hoseok ကို ခပ်တိုးတိုးကျိန်ဆဲလိုက်မိသည်။
"မင်းဟာကနောက်မှရှာလည်းရတယ်လေကွာ။ အပြင်ထွက်ပြီးတစ်ခုခုသွားစားရအောင်။ ငါဗိုက်ဆာတယ်။ လမ်းထိပ်က တော့ပိုကီဆိုင်ကို ချီတက်ရအောင်။"
Jungkook က သူ့အကြံကို တက်ကြွစွာ ပြောတော့ Taehyung မှာ ရွှင်ပျသော မျက်နှာဖြင့် အခွင့်အရေးကိုဆုပ်ကိုင်ကာ မျက်နှာချိုသွေးပြန်သည်။
"Jungkook ဗိုက်ဆာလို့လား။ ကျွန်တော် သွားဝယ်ပေးမယ်လေ။"
"ရပါတယ်။ မလိုပါဘူး။ အပြင်ထွက်ချင်လို့။"
"အဲ့ဒါဆိုလည်းပြီးရောကွာ။ ငါနောက်မှရှာတော့မယ်။ သွားစို့။"
ကျွန်တော်တို့လေးယောက်လုံးအိမ်တံခါးဝကိုရောက်နေပေမယ့် ဖုန်းတစ်လုံးကိုအသည်းအသန်ကြည့်ရင်း နေရာကနေတုပ်တုပ်မှမလှုပ်တဲ့ Joonie Hyung ကို လှမ်းအော်ရပါသေးသည်။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.