"Joonie hyung!"
"ဟား...Jinnie လေးကမှတ်မိသားပဲ။"
အဲ့ဒါမှ တောင့်တောင့်ကြီးကိုသေတာပဲ။ နံရံအကွယ်က ချောင်းကြည့်နေတဲ့နှစ်ယောက်ကို လှမ်းကြည့်မိတော့လည်း မျက်နှာသေကြီးတွေနဲ့ အူကြောင်ကြောင်စိုက်ကြည့်နေလေရဲ့။
အင်းပေါ့လေ။ ကျွန်တော်ပြသနာရှာခဲ့တာက Joonie Hyung လို့သူတို့လည်း ထင်ထားပါ့မလား။
"Hyung တို့ Jinnie လေးက တော်တော့်ကို ထွားလာတာပဲ။ ငယ်ငယ်တုန်းကလို ဝဝကစ်ကစ်နဲ့ချစ်စရာလေးမဟုတ်တော့ဘူး။ ခန့်လာတာ။ ပြီးတော့နည်းနည်းလည်းပိုစွာလာသလားလို့။"
စနောက်သလိုလို အားရပါးရကြီး ရွဲ့စောင်းပစ်လိုက်တဲ့ Joonie Hyung ကြောင့် မျက်လုံးပြူးမျက်စံပြူးဖြစ်သွားရတယ်။ အဲ့သလိုဆိုရင် မေမေတို့ပါသိပြီး ဟားတိုက်ရယ်စရာတွေ၊ သူ့သူငယ်ချင်းတွေနဲ့ဆုံရင် အတင်းတုတ်စရာတွေပိုတိုးတော့မှာ။
ကံတရားကြီးရယ် Seokjinnie လေးရဲ့အဖြစ်ကိုသနားပါဦး။
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ လက်နှစ်ဖက်ကိုသာ ခပ်နာနာပွတ်နေမိတာမို့ သကောင့်သားနှစ်ယောက်ကို အကူအညီတောင်းမယ်အကြံနဲ့ မျက်စပစ်ပြမိတော့...
"ဪ ဟုတ်သားပဲ။ Hoseok-ah အတန်းထဲကကောင်မလေးတစ်ယောက်ဆေးရုံတက်ရတာ ငါတို့ဒီညနေသွားကြည့်ဖို့ပြောထားတယ်လေ။ မေ့နေလိုက်တာ။"
ငင့် ဘယ်သူက ဘယ်တုန်းကဆေးရုံရောက်သွားတာတုန်း၊ ငါလည်း မသိလိုက်ရပါလား။
"ဟာ..ဟုတ်သားပဲ။ မေ့နေလိုက်တာ။"
Hoseokie တို့သရုပ်ဆောင်ကောင်းချက်ကတော့..။သူအိုဗာတွေလုပ်ပြမှပဲ ရုပ်ရှင်ရိုက်နေမှန်းသိသာတော့တယ်။
တော်တော်လည်းလိုက်ကြတဲ့ကောင်တွေ။ တစ်ယောက်က ဇာတ်လမ်းစ၊ နောက်တစ်ယောက်က လိုက်က၊ ဟုတ်နေတာပဲ။
သူတို့သာညားရင်တော့လား။ Seokjinnie လေးတို့ဘဝ မတွေးရဲစရာ။
"ငါလည်းလိုက်မယ်လေ။ မင်းတို့ကောင်တွေကွာ..။ ငါ့ကိုလည်းကြိုမပြောကြဘူး။"
ကျွန်တော့်ကို အန္တရာယ်ကွင်းထဲက ကယ်ထုတ်ဖို့များ ကြံဆောင်နေကြလေသလားလို့ မျှော်လင့်ချက်လေးနဲ့ ဝင်ပြောမိပေမဲ့ အခြေအနေဟာပြောင်းပြန်။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.