"ဟဲ့ seokjin နင့်ယောက်ဖတွေရောက်နေပြီ။"
"ဟာ...အမေကလည်း။ ယောက်ဖတွေ..ယောက်ဖတွေနဲ့မပြောပါနဲ့ဗျာ။ Hoseok ယောက်ဖလာသတ်နေမှဖြင့်။ Jungkook အကိုကိုလည်းမကြိုက်ပါဘူးနော်။"
ဈေးမှာ ဖြစ်ခဲ့တဲ့ကိစ္စကြောင့် ရှက်ရှက်နှင့် အိမ်ကိုပြေးလာရပါတယ်ဆိုကာမှ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းပါသော မွေးမေမေကို အသက်လုရှူရင်း ခွန်းတုန့်ပြန်လိုက်တယ်။
မေမေပြောသော အသုံးအနှုန်းကြောင့် မဆိုစလောက်ကလေးစိတ်ရှုပ်သွားပေမဲ့ ဟိုနှစ်ကောင်ရောက်နေပြီဆိုတာကြောင့် မျက်လုံးတွေတဖျတ်ဖျတ်လတ်နေတာတော့ မှန်ကြည့်စရာမလိုဘဲ တပ်အပ်ပြောနိုင်ပါတယ်။
"မင်းတို့ကိုငါပြောတာ ညနေမှပါ။ ဘယ်လိုဖြစ်လို့ နှစ်ကောင်လုံးချက်ချင်းကြီးရောက်ချလာတာလဲ။"
ကျွန်တော့်ကုတင်ပေါ်တွင် ပိုးလို့ပက်လက်လန်ကာ ဂိမ်းနှိပ်နေကြပါသော နှစ်ယောက်ကို အမြင်ကပ်ပုဒ်မနဲ့ မေးလိုက်တော့
"ဘာလဲ။ မင်းကညိုညင်တာလား။ ''junkookie လေးရယ် ငါ့အိမ်ကိုညနေကျရင်လာပါကွာ။ ငါ့ပျင်းလို့ပါ။ မေမေ့ကိုစားစရာတွေလုပ်ခိုင်းထားပါ့မယ့်"ဆိုပြီး အသံသေးအသံကြောင်နဲ့ ပြောတာဘယ်သူလဲ။"
Game နှိပ်မပျက်ပြန်လည်ချေပလာတဲ့ junkook ကို seokjin ဘာမှပြန်မပြောလိုတော့ပါ။ ငယ်သူငယ်ချင်းဖြစ်တဲ့အလျောက် ပြောမနာဆိုမနာဆိုတာ ဒါမျိုးမဟုတ်လား။
"ဒါနဲ့မင်းဈေးသွားတာဆို။ ငါတို့စားဖို့တစ်ခုခုဝယ်မလာဘူးလား။"
သူတို့ဆော့နေတဲ့ game ကိုကြည့်ပြီး ဖြစ်ခဲ့တဲ့ကိစ္စကို ခဏမေ့သွားပါတယ်ဆိုကာမှ Hoseok ကအစဖော်လာပြန်တယ်။
"အဲ့ကိစ္စမပြောချင်တော့ပါဘူးကွာ။ "
"မပြောချင်လို့ရမလားကွ။ ပြော၊ ဘာကိစ္စဝယ်မလာတာလဲ။''
Jeon မျိုးနွယ် ယုန်သွားနဲ့ ဗလကောင်ကလေ အစားအသောက်နဲ့ပတ်သက်ရင် သေခန်းပါဖြတ်မယ့်ကောင်မျိုး။ ဒါမျိုးကိုတောင် စေတနာမပျက်ဘဲ မုန့်လုဝယ်ခဲ့သေးတဲ့ ကျွန်တော်မျိုး Kim Seokjin အပေါ် ကောင်းချီးအဖြာဖြာကျရောက်ပါစေသား။
YOU ARE READING
FANBOY MATERIAL {nAmJiN}
Lãng mạnThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.