ယေဘုယျအားဖြင့်ပြောရမယ်ဆိုလျှင် နေ့လည် 12 နာရီဟာ လူအိပ်ချိန်မဟုတ်မှန်းတော့ ခင်ဗျားတို့သိကြမယ်ထင်ပါတယ်။သိပ်ကိုပင်ပန်းတဲ့ အလုပ်လုပ်နေရသူတွေတောင် အလွန်ဆုံးအိပ်ရင် ဆယ်နာရီပေါ့။
ဒါပေမဲ့ ဒီအချိန်မှာ အိပ်မောကျနေဆဲ၊ အိပ်မက်ကမ္ဘာထဲ သာယာနေဆဲအခြေအနေမှနိုးထလာစ ကောင်လေးတစ်ယောက်ရှိတယ်။
အတိအကျပြောရမယ်ဆိုရင် လူတစ်ယောက်တည်းရဲ့ ပုံတွေပါတဲ့ poster ကို ပတ်လည်ကပ်ထားပြီး soundbox တွေ speaker တွေ ပြည့်နေတဲ့ အခန်းရဲ့ ကုတင်ပေါ်မှာ လူးလွန့်နေတဲ့ ကောင်လေးပေါ့။
ပိုပြီးအတိအကျပြောရမယ်ဆိုရင် ကျွန်တော် kim seokjin ဆိုတဲ့ကောင်လေးပါ။
ဒီအချိန်မှအိပ်ရာကထလို့ ငပျင်းဆိုပြီးတော့အထင်သေးသွားသလား။ အမှန်စင်စစ်တော့ ကျွန်တော် kim seokjin လေးက မပျင်းပါဘူး။
ကျောင်းဖွင့်ရက်တွေဆို အတန်းခေါင်းဆောင်တစ်ယောက်ပီပီ ကျောင်းသားအားလုံးထပ်စောပြီး ကျောင်းရောက်တတ်ပါတယ်။
ဒီနေ့ကတော့ ကျောင်းပိတ်ရက်မို့လို့ဆိုပြီး ညက video တွေ သီချင်းတွေ ကြည့်လိုက်တာ ညဥ့်နည်းနည်းနက်သွားလို့ မနက် ခြောက်နာရီထိမအိပ်လိုက်ရဘူး။
ခင်ဗျားတို့သာ kpoper တွေ kdrama fan တွေဆိုရင်တော့ ကျွန်တော့ကိုကိုယ်ချင်းစာနိုင်ကြမှာပါ။
ကဲ..အခုအိပ်ရာကထပြီဆိုတော့ ဘာလုပ်တယ်ထင်လဲ။
အိပ်ရာထ၊ မျက်နှာသစ်၊ သွားတိုက်၊ အဝတ်လဲ၊ အိပ်ရာသိမ်း..လုပ်တယ်များထင်နေလား။
No no no.အရင်ဆုံး twitter မှာ suga hyung လေးဘာတွေများ tweet ထားလဲဆိုပြီး စစ်ဆေးရပါတယ်။
အော်...ပြောဖို့မေ့နေတာ၊ ကျွန်တော်က ဒီနိုင်ငံမှာ နာမည်အကြီးဆုံး၊ global မှာလည်း အကျော်ကြားဆုံး၊ talent အပြည့်ဝဆုံး၊ မြင်ဖူးသမျှယောက်ျားလေးတွေထဲမှာ အချောဆုံး၊ ချေတတ်သလောက် ချစ်ဖို့အကောင်းဆုံး suga ဆိုတဲ့ idol လေးရဲ့ အကြီးမားဆုံး၊ အတော်ဆုံး fan လေးပါခင်ဗျာ။
"Seokjin ရေ.......မထသေးဘူးလား။ ညကဘယ်အချိန်မှသေလို့ ခုထက်ထိ အခေါင်းထဲကမထွက်သေးတာလဲ။ "
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomantizmThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.