"ဟာ...Hyung ရာ ဖြေးဖြေးလုပ်ပါဗျာ...။ ဘယ်လိုဖြစ်လို့လက်ကိုအတင်းဆွဲနေတာလဲ။"မနက်ကိုးနာရီလောက်တွင် ငွေအလုံးလိုက်အရင်းလိုက်ဝင်သည်ဟု အိပ်မက်မက်နေစဉ် ရုတ်တရက်အနှိုးခံလိုက်ရ၍ နည်းနည်းမကျေမနပ်ဖြစ်သွားသည်။
သို့သော်မျက်လုံးကိုပြူးပြဲဖွင့်ကြည့်တော့ ချစ်ရသူ သူတော်ကောင်းကြီးဖြစ်နေသောအခါ...ဒေါသစိတ်တို့က မီးကိုရေအေးအေးဖြင့်ပက်ဖြန်းလိုက်သလိုလုံးဝအေးချမ်းသွားရတော့သည်။
ထို့နောက်တော့ ဘာဆိုဘာမှမပြောဘဲ လူကိုအိပ်ယာပေါ်ကအ တင်းဆွဲခေါ်နေသည်မို့ ကြောင်တောင်တောင်နှင့်ထလိုက်ပြန်တော့ လည်း မျက်နှာသုတ်ပုဝါကိုလက်ထဲထိုးထည့်ကာ ကျန်လက်တစ်ဖက်ကို အတင်းဆွဲ၍ရေချိုးခန်းဆီဦးတည်နေသည်မို့ ဘုမသိဘမသိလုပ်မနေတော့ဘဲ မေးရတော့သည်။
"ဘယ်လိုဖြစ်လို့ အစောကြီးလာနှိုးပြီး အတင်းတွေဆွဲလားရမ်းလားလုပ်နေရတာလဲ။ ဧကန္တရေအတူတူချိုးချင်လို့ လို့တော့မပြောနဲ့နော်။ အောက်မှာမေမေတို့ရှိတယ်။"
"ဟာ...ကလေးကလည်း ပေါက်ကရတွေပြောပြန်ပြီ။ သွားစရာရှိလို့ရေချိုးခိုင်းနေတာပါနော်။ ကိုယ်ကအိမ်မှာချိုးခဲ့တယ်။ ပြီးတော့ဘာအစောကြီးလဲ။ အချိန်ကိုကြည့်...ကိုးနာရီခွဲတော့မယ်။"
"ဘယ်ကိုသွားမှာလဲ။"
"ဟိုတစ်နေ့က ကလေးမိဘတွေအတွက် လက်ဆောင်ဝယ်မယ်ဆိုတာ ကလေးအပျင်းတစ်နေလို့မသွားဖြစ်ကြဘူးလေ။ အဲ့ဒါဒီနေ့သွားမလို့။"
"ဟာ...Hyung ကလည်း ဒီကိစ္စလေးကိုအဲ့လောက်လောနေစရာလားဗျာ။" ဟုပြော၍ကုတင်ပေါ်ပြန်ထိုင်ရန်ပြင်နေသော ကျွန်တော့်ကို Hyung ကတားပြန်သည်။
"ဒီကိစ္စလေးတင်မဟုတ်ဘူး ကလေးရ။ နေ့လယ်ဆယ့်နှစ်နာရီကျရင်ကိုယ်အလုပ်ကိစ္စနဲ့ Company သွားရမှာ။ အချိန်သိပ်မကျန်တော့ဘူး။"
"Hyung မအားရင်လည်းနောက်နေ့မှသွားမယ်လေဗျာ။"
"မဟုတ်ဘူး ကလေးရဲ့။ ကိုယ်က ကလေးကို Company အလည်ခေါ်ချင်လို့။"
ထိုစကားကိုကြားလိုက်မှ ကျွန်တော့်ရဲ့မှေးစင်းနေတဲ့မျက်လုံးများက ပြူးကျယ်သွားတော့သည်။ အင်း...ဒီလူကြီးတယ်ထူးဆန်းပါလား။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.