15. အလွမ်းလွန်ခြင်း

1.4K 210 38
                                    


မိုးလေးကအေး၊ သီချင်းသံလေးကအေးနဲ့ အေးချမ်းလွန်းတဲ့ကော်ဖီဆိုင်ထဲထိုင်နေရပေမယ့် ကျွန်တော် Kim Seokjin လေးရဲ့စိတ်ကတော့ မအေးချမ်းနိုင်ဘဲ ကျွန်တော့်ရှေ့မှာအငွေ့တထောင်းထောင်းထွက်နေတဲ့ ကော်ဖီခွက်လေးလို ပူလောင်လို့နေပါသည်။

ယနေ့ဆို Hyung တစ်ယောက် Norway ကိုထွက်သွားတာ ​လေးရက်တောင်ရှိနေရောပေါ့။ လွမ်းတယ်ဆိုတဲ့အရသာကို သူများတွေပြောလို့သာ အမြည်းခံစားကြည့်ခဲ့ဖူးပေမယ့် အခုလိုတကယ်လက်တွေ့ကျကျခံစားရတော့ သိပ်ကိုနာကျင်လွန်းလှသည်။

မြင်ချင်ပေမယ့် သူ video call ခေါ်လာမည့်အချိန်ကိုစောင့်ရသည်။ ပွေ့ဖက်ချင်ပေမယ့် Phone screen ပေါ်ကပုံရိပ်လေးကိုသာ နမ်းရှိုက်ရသည်။ စကားတွေအများကြီးပြောချင်ပေမယ့် အချိန်အကန့်အသတ်တစ်ခုအတွင်းသာ ဆက်သွယ်ခွင့်ရသည်။

Hyung Norway ရောက်ပြီးနှစ်ရက်နေသည်အထိ အားရင်အားသလို ဖုန်းဆက်သည်။ Video call ခေါ်သည်။ အနည်းဆုံး ငါးမိနစ်ခြားတစ်ခါ Message ပို့သည်။ သူဘာတွေလုပ်နေလဲ၊ ဘယ်မှာရှိနေလဲဆိုတာကို သိရသောကြောင့် အနည်းငယ်တော့အလွမ်းပြေရသည်။

သို့သော်...မနေ့ နေ့လယ်ကစ၍ ယခုအချိန်အထိ အဆက်အသွယ်လုံးဝပြတ်တောက်လျက်ရှိသည်။ Hyung အဘိုးရဲ့စီးပွားရေးကိစ္စများကြောင့် စေလွှတ်လိုက်သည်ဟုသိထားသဖြင့် ဤအခြေအနေကို ကျွန်တော်ကြိုတင်တွက်ဆပြီးဖြစ်သည်။

ဘိုးဘိုးက စည်းကမ်းကြီးသည်။ အလုပ်ကိုဦးစားပေးတတ်သည်။ သားသမီးများအပေါ်တွင်သာမက မြေးများအပေါ်တွင်ပါသြဇာညောင်းကြောင်း Hyung ပြောပြထားသဖြင့်သိရသည်။

အခုလည်း အဘိုးကစေလွှတ်သောကြောင့် သွားရ၍ အဆက်အသွယ်ပါးမည်ကိုသိထားသော်လည်း ထင်သလိုမဟုတ်သောကြောင့် ပျော်နေခဲ့သည်။ သို့ရာတွင်ထိုအပျော်ကနှစ်ရက်ပင်မခံ။

Hyung နဲ့အတူလာထိုင်နေကျဆိုင်ကလေးမို့ ယောင်ယမ်းပြီးမှာထားမိသော Hyung သောက်နေကျ iced americano ခွက်လေးမှာလည်း ရေခဲတွေအရည်ပျော်နေချေပြီ။

မိုးကလည်းသည်းကြီးမည်းကြီးမဟုတ်သော်ငြား...လုံးဝမရပ်ဘဲဆက်တိုက်ရွာနေသည်။ အုံ့ဆိုင်းမည်းမှောင်နေသော ပတ်ဝန်းကျင်နှင့်မခြားနားစွာ ကျွန်တော့်အတွေးတို့ကလည်း အုံ့ဆိုင်းနေလျက်။

FANBOY MATERIAL {nAmJiN}Where stories live. Discover now