"တချို့တွေကပြောကြတယ်လေ သူတို့ကြိုက်တဲ့သူက ပြန်မကြိုက်ရင်ဘဲ သေတော့မယ်တို့ ဘာတို့။ ရုပ်ရှင်တွေထဲမှာတွေ့ဖူးတယ်မလား။ အဲ့ဒါအလကား။ အဲ့လူကိုသွားကြည့်။ နေ့တိုင်းတော့ထမင်းစားနေတာပဲလေ။ သေသွားလို့လား။"
ဥာဏ်မရှိတဲ့ကောင်။ အသုံးမကျတဲ့ကောင်။ အချစ်ဆိုတာကိုခံစားဖူးလို့လား။ အချစ်ကြောင့် ဘဝတစ်ခုလုံး အဆုံးရှုံးခံလိုက်ရတဲ့သူတွေတစ်ပုံကြီး။ မင်းမကြားဖူးလို့လား အရူးကောင်ရဲ့။
အတန်းရှေ့ကစင်ပေါ်တက်ပြီး သူ့ကိုသူ Motivational speaker လိုလို ဘာလိုလိုနဲ့ သောက်ရူးထပြနေတဲ့ကောင်ကို စိတ်ထဲကနေ ပယ်ပယ်နယ်နယ်ဆဲပစ်လိုက်မိသည်။
ကျွန်တော် University ဆိုတဲ့ပတ်ဝန်းကျင်မှာ စပြီးကျင်လည်နေတာ သုံးပတ်လောက်ရှိပြီပေါ့။ ကျွန်တော်ဝါသနာပါတဲ့ အနုပညာတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပေမဲ့ ကျောင်းတက်ရတာပျော်တယ်ရယ်လို့တော့မဟုတ်ပါ။
စိတ်ထဲလေးလံနေတဲ့အရာတစ်ခုကြောင့်။ ဒီအတောအတွင်း Hyung တစ်ယောက် ကျွန်တော်ရှိရာသို့ ခြေဦးပင်လှည့်ရဲ့လားမသိ။ ကျွန်တော်ကတော့ မျှော်ရလွန်းလို့ပင်ပန်းပြီး စိတ်ထောင်းလို့ကိုယ်ကြေနေချေပြီ။
အိမ်မှာပဲခွေနေတုန်းကတော့သိပ်မသိသာပေ။ ကျောင်းကိုနေ့တိုင်းကုန်းရုန်းတက်နေရတော့ လူကအခြေအနေမဟန်တော့တာသိပ်ထင်ရှား၏။
စိတ်ကိုမနည်းတင်းထားရပါတယ်ဆိုကာမှ ဒေါင်းစားလေးတစ်ကောင်က Presentation လုပ်တာကောင်းကောင်းမလုပ်ဘဲ ကိုယ်ရေးကိုယ်တာတွေပါ ပါလာလေတော့ ဒေါသထွက်ရသည်မှာ ကျွန်တော့်အပြစ်ဟုတော့ မဆိုသာပေ။
ဘာတဲ့။ "ကမ္ဘာပေါ်မှာ လူသန်းပေါင်း 7000 ကျော် ရှိတာ။ တစ်ယောက်ကမချစ်လည်းနောက်တစ်ယောက်ကချစ်မှာပေါ့။ တစ်ယောက်ကပစ်သွားလည်း နောက်တစ်ယောက်က ဖူးဖူးမှုတ်ထားမှာပေါ့။ ကိုယ်နဲ့မတန်တဲ့သူမို့ကိုယ့်ကိုပစ်သွားတာ ဘာလွမ်းစရာရှိလဲ"
စိတ်တိုလာပြီ။ ငါ့ရှေ့လာပြီး စာတတ်ပေတတ်ပုဂ္ဂိုလ်ပုံစံလာလုပ်ပြမနေနဲ့။ စင်ပေါ်တက်ပြီးဆွဲထုပလိုက်ရ။ ငါအားမရှိလို့သာ မင်းကံကောင်းသွားတယ်မှတ်ပါ။ Kim Seokjin လေးကိုရိုင်းလိုက်တာလို့တော့မပြောနဲ့နော်။
YOU ARE READING
FANBOY MATERIAL {nAmJiN}
Lãng mạnThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.