"ကလေး...ထတော့.."မပီမပြင် အသံခပ်တိုးတိုးကြောင့် ကျွန်တော့်အသိအာရုံတို့နိုးကြားလာခဲ့သည်။ အသံပိုင်ရှင်ကား..အခြားသူမဟုတ်။ ကျွန်တော့်အချစ်တုံးကြီး ချစ်သူကြီး ရည်းစားကြီး Sugadaddy ကြီး Namjoon Hyung။
"ခဏလေး...ငါးမိနစ်ပဲ။"
ချက်ချင်းဖွင့်လို့မရအောင်လေးလံလွန်းနေသေးတဲ့ မျက်လုံးတွေကို ခဏအနားပေးလိုတာကြောင့် ခွင့်တောင်းတော့ Hyung ဆီကနေ ခပ်တိုးတိုးနဲ့ သဘောတကျရယ်တဲ့ ရယ်သံသဲ့သဲ့လေးကို ကြားလိုက်ရသည်။
ဒါလည်း Hyung ရဲ့ ပင်ကိုသဘာဝခန့်ညားမှုတစ်ခု။ သူရယ်လိုက်လျှင် သူ့ပါးချိုင့်ကြီးတွေကပဲ သူ့ကိုအလှဆင်ပေးနေတာမဟုတ်။ သူ့ကိုမမြင်ရရင်တောင် သူ့ရယ်သံကိုကြားတာနှင့် သူ့ဆီကိုသံမှိုတစ်ခုလိုကပ်ညိသွားအောင် ဆွဲဆောင်နိုင်လွန်းသည့် သံလိုက်ဂုဏ်သတ္တိရှိသည်။
"ဆယ်နာရီကျော်နေပြီ၊ ကလေးရဲ့။ ဒီနေ့က ကိုယ်တို့ရဲ့ First date လေ။ အချိန်တွေကုန်သွားမှာမနှမြောဘူးလား။"
Hyung ရဲ့ခပ်ဆဆစကားက ကျွန်တော့်ကို အိပ်ရာထဲကနေ ကရိန်းနဲ့ဆွဲထူလိုက်သလို။ အခုနက ကမ္ဘာ့အလေးလံဆုံးဖြစ်နေသည့် မျက်ခွံတွေကလည်း အခုတော့ဖြင့် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့သည်အထိ သစ္စာဖောက်သွားကြပြီ။
Hyung ကတော့ရေမိုးချိုးပြီးသွားသည့်ဟန်။ ဆင်တူဝတ်မည်ဟုသဘောတူထားသည့် couple shirt ပန်းရောင်လက်ရှည်ကိုပင်ဝတ်ထားပြီးနှင့်ပြီ။
မနေ့ညက မေမေ့ကိုဖေဖေကသူရှိနေတဲ့နေရာကိုလာခဲ့ပါဆိုလို့ လိုက်သွားရသဖြင့် ကျွန်တော်က Hyung တို့ Taehyung တို့နဲ့အတူလာနေရသည်။ အရင်ကလည်းတစ်ယောက်တည်းနေနေကျကို အခုမှစိတ်မချဘူးဆိုကာ Hyung တို့အိမ်တွင်အတင်းသွားနေခိုင်းသော မေမေ့ကိုလည်းဘာမှပြန်ပြောမနေတော့ပါ။ ကိုယ့်ရည်းစားနဲ့သွားအိပ်ရတာများ..ဘာအရေးလဲ။ Kim Seokjin လေးက ပျော်တောင်ပျော်သေး။
ညကလည်းတော်ရုံအိပ်မရ။ Hyung နှင့်စကားတွေအကြာကြီး ပြောဖြစ်ခဲ့သောကြောင့်။ Hyung ရဲ့အလုပ်တွေအကြောင်း၊ ကျွန်တော့်ကျောင်းကိစ္စများအကြောင်း၊ မိဘတွေအကြောင်း၊ ကျွန်တော်တို့အနာဂတ်အကြောင်း ပြောဖြစ်ကြသည်။ အဲ့ဒါနဲ့ပဲ ညက နှစ်နာရီလောက်မှအိပ်ဖြစ်သည်။ ထို့အပြင် ဒီနေ့ကျွန်တော်တို့ ပထမဆုံးဒိတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomansaThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.