21.တွေ့ခွင့်နှင့်လွဲချော်ခြင်း

1.5K 177 43
                                    

ဆူညံနေတဲ့ပတ်ဝန်းကျင်။

အော်ဟစ်အားပေးနေတဲ့အသံတွေ။

စိတ်လှုပ်ရှားမှုကြောင့်ထိန်းမနိုင်ဘဲငိုကြွေးနေသံတွေ။

ပြီးတော့ Stage ပေါ်မှာတောက်ပနေတဲ့ Suga Hyung။

ဒီနေ့ကတော့ ကျွန်တော်ငါးလခန့်ကြာအောင်စောင့်ဆိုင်းခဲ့ရတဲ့နေ့တစ်နေ့။ Suga Hyung ရဲ့သမိုင်းတစ်လျှောက်မှာ သေချာပေါက်ထင်ရှားနေမယ့် Concert တစ်ခုကိုကျင်းပတဲ့နေ့ပေါ့။

အဲ့ဒီဂုဏ်ပုဒ်ကြောင့် Fan တစ်ယောက်အနေနဲ့ ဒီနေ့ကိုမျှော်လင့်နေခဲ့တာလား။ ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မျှော်လင့်နေခဲ့တာလားဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လည်းဝေခွဲမရဘူး။

ဘာပဲဖြစ်ဖြစ်ကျွန်တော်စိတ်လှုပ်ရှားနေသည်။ သေချာပေါက်စိတ်လှုပ်ရှားပြီး နှလုံးခုန်နှုန်းကပုံမှန်ထက် တစ်ဆခွဲခန့်လျင်မြန်နေသည်။ လက်ဖျားများက ရေခဲကိုင်ထားရသည့်နှယ်အေးစက်နေသောကြောင့် Stage နှင့်မလှမ်းမကမ်းတွင်ရပ်နေသည့် ကျွန်တော် လက်နှစ်ဖက်ကို အကြိမ်မရေမတွက်နိုင်အောင် ပွတ်သပ်နေရသည်။

သို့သော်ကျွန်တော့်ပတ်ဝန်းကျင်က Sweetie bomb ကိုင်ဆောင်ထားသောသူများလို​တော့ ကျွန်တော်အော်ဟစ်မနေမိပါ။

အခုဆိုကျွန်တော်အထက်တန်းလည်းပြီး​ချေပြီ။ တက္ကသိုလ်ဖွင့်လှစ်ချိန်ကိုစောင့်စားနေသော အချိန်ဖြစ်၍ မေမေတို့က လက်မှတ်ဖိုးပေးပြီး ဒီပွဲလာဖို့ကို လှိုက်လှိုက်လှဲလှဲခွင့်ပြုခဲ့လေသည်။

ပထမဆုံးအကြိမ် Concert တစ်ခုသို့ရောက်ရှိခြင်းဆိုသော်ငြား ထို့အတွက်ကြောင့်စိတ်လှုပ်ရှားနေခြင်းအလျင်းမရှိ။ သက်ဝင်လှုပ်ရှားနေသော လူအုပ်စုကြီးကြားတွင် ငြိမ်သက်နေသောကျွန်တော့်ကိုလည်း မည်သူမှဂရုမစိုက်အားကြပါ။

ထိုသို့နှင့် ပွဲ၏အလယ်လောက်သို့ရောက်လာသောအခါ Idol ကြီး Min Suga ၏ ရင်သပ်ရှုမောဖွယ်ရာ Dance break အချိန်သို့ကျရောက်လေ၏။ အင်္ကျီအနီရောင်ဝမ်းစက်နှင့်တောက်ပနေသော Min Suga ဆိုသူက အလွန်တရာလှပလွန်းသော ကြယ်ပွင့်လေးတစ်ပွင့်ပါပေ။

FANBOY MATERIAL {nAmJiN}Where stories live. Discover now