5.စတင်ခြင်း

2.2K 340 12
                                    

"ဟေ့ကောင် မင်းမညစ်ပတ်နဲ့ကွာ။"

"ငါဘယ်မှာညစ်ပတ်လို့လဲ ငါထိုင်ချင်တဲ့နေရာမှာထိုင်တာလေ။"

"မရဘူးကွာ။ ဒီဘက်မှာဘဲလာထိုင်။"

"မထိုင်ပါဘူး။ မင်းဘေးမှာဘဲထိုင်မှာ။"

"ဟေ့ကောင် မင်းအရမ်းအကျင့်ယုတ်တယ်ကွာ။"

"ဟာ..လာမစွပ်စွဲနဲ့။ ငါဘယ်မှာ အကျင့်ယုတ်လို့လဲ။ မင်းဘေးမှာထိုင်ချင်လို့လာထိုင်တာလေ။ မင်းလည်းဒီမှာဘဲထိုင်ပေါ့။"

"ငါက Taehyung လေးဘေးမှာထိုင်ချင်တာလေ။"

"ထိုင်ပေါ့။ ထိုင်လို့ရနေတာပဲ။"

"မရဘူးလေ။ ငါက Taehyung ဘေးမှာထိုင်ချင်တယ်။ မင်းကငါ့ဘေးမှာထိုင်ချင်တယ်။ Taehyung က... "

"နတ်သားလေးဘေးမှာထိုင်ချင်တာလေ။"

​ကျောင်းစတက်စ သူငယ်တန်းကလေးတွေ ကျောင်းစတက်တဲ့နေ့မှာ သူငယ်ချင်းရွေးပြီး ထိုင်ခုံနေရာလုနေကြတယ်လို့ထင်ရတဲ့အ​​ခြေအ​နေက အမှန်စင်စစ်​တော့ ကြီး​ကောင်ကြီးမားသုံး​ယောက် ရုပ်ရှင်ရုံလာပြီး နေရာလုနေကြတာသာဖြစ်တယ်။

Hoseok က သူ့ရဲ့ crush အသစ်စက်စက် မင်းသားလေးဘေးမှာထိုင်ချင်တယ်။ ရုပ်ရှင်ရုံကိုမလာခင်ကတည်းက ဒီလို​တွေးပြီး ​ရွှင်မြူး​နေခဲ့တာဖြစ်တယ်။ ရုပ်ရှင်ရွေးကြတော့လည်း သူကဦး​ဆောင်ပြီး သရဲကားတစ်ကားကို​ရွေး​လေတယ်။ မင်းသားလေးကြောက်ရင်သူ့ကိုဖက်ထားလို့ရအောင်ဆိုတဲ့ အကြံအစည်နဲ့​ပေါ့။ Romance တွေကြည့်တာများသွားပြီး စိတ်ကူးတွေယဉ်နေတာလို့သာ မှတ်ချက်ချမိရင် ​ခေါင်းတခါခါပြု​နေမိ​တော့တယ်။

Taehyung ကလည်း သူ့ရဲ့နတ်သားလေးနဲ့ရုပ်ရှင်တူတူကြည့်ချင်လို့ဆိုပြီး ဒီအစီအစဉ်ကိုသူကပဲစခဲ့တယ်။ သူ့အကိုကိုမရရအောင်ပူဆာပြီး Jungkook ကို ကျွန်တော်ကတစ်ဆင့်မရရအောင်ခေါ်ခိုင်းခဲ့တာဖြစ်တယ်။

Jungkook ကလည်း အခုမှဘာရောဂါထလဲမသိ။ Hoseok ဘေးမှာထိုင်မယ်ဆိုတာချည်း။

အဲ့အတိုင်း ဝိုင်းကြီးပတ်ပတ်ထိုင်ရအောင်လည်း ဖဲဝိုင်းမဟုတ်။ ရုပ်ရှင်ရုံလာပြီး နေရာလုနေကြတယ်လို့။ အရပ်ကတို့ရေကြားလို့မှကောင်းကြသေးရဲ့လားဗျာ။

FANBOY MATERIAL {nAmJiN}Where stories live. Discover now