13.အကြောက်တရားနှစ်ပါးကို သိရှိခြင်း

1.5K 214 34
                                    


"Hyung ရေ..ကျွန်တော်လာတယ်။"

အချိန်အခါမဟုတ်ဘဲမိုးတွေရွာတာကြောင့် မနေ့ကကျောင်းအပြန် ကျွန်တော်မိုးမိပြီး ဒီနေ့ဖျားနေသည်။ ထို့ကြောင့် ဒီနေ့ကျောင်းလည်းမသွားဖြစ်တော့။ အိမ်မှာဖေဖေပါပြန်ရောက်နေတာကြောင့် အိမ်မှာနေလျှင် နားနှစ်ဆပူဖွယ်ရှိနေသေးသည်။

ထို့ကြောင့် Hyung တို့အိမ်ဘက်သို့လာနေရန်သာ ကြံစည်မိသည်။ ဒီနေ့ဆို Taehyung ထွက်သွားတာ တစ်ပတ်တောင်ကျော်နေရောပေါ့။ သူအဆင်မပြေမည်ကိုစိုးရိမ်မိသော်လည်း သူ့သူငယ်ချင်းကိုကူညီရင်း ပျော်ရွှင်စွာနေထိုင်နေကြောင်း ဖုန်းဆက်ပြောလာတော့လည်း စိတ်သက်သာရသည်။

အမှန်ဆို Jungkook ကိုစိတ်ဆိုးမိသော်လည်း Hoseok နှင့် သူတို့နှစ်ယောက်ကိုယ်တိုင်ကိုက ဘယ်လောက်တောင်ခံစားနေရလဲဆိုတာကို ကျွန်တော်သိတာမို့ ကျွန်တော်သူတို့ရဲ့ အနှောင့်အယှက်တစ်ခုမဖြစ်လို။

ကာယကံရှင်ကိုယ်တိုင်က သူတို့ကိုလွတ်လပ်စေချင်လို့ နှောင်ကြိုးတို့ ချည်နှောင်မသွားခဲ့သည်ကို ကျွန်တော်က ဘာကိစ္စနဲ့ ကဖျက်ယဖျက်ဝင်လုပ်ရမည်နည်း။ သူတို့လည်းကျွန်တော့်အခင်ဆုံးသူငယ်ချင်းတွေပဲကို။

"Hyung...Hyung ရေ...။"

ကျွန်တော်ပါလာတဲ့အထုပ်တွေကိုပင်နေရာချပြီးသော်လည်း Hyung ကလုံးဝပေါ်မလာသေး။ ဒီ Hyung..ဒီအချိန်ကြီးအထိအိပ်ပျော်နေတာတော့မဟုတ်ဘူးမလား။

ခြံတံခါးကြီးကိုဖွင့်ထားသောကြောင့် အပြင်ထွက်သွားတာလည်း ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်။ ထို့ကြောင့် အိမ်ထဲလှည့်ပတ်၍သာ ရှာမိတော့သည်။

"Hyung..."

မီးဖိုခန်းထဲတွင်လည်းမရှိ။ အိပ်ခန်းထဲတွင်လည်းမရှိ။ သီချင်းရေးသည့်အခန်းထဲတွင်လည်းမရှိ။ ရေချိုးခန်းထဲလည်းမရှိ။ စာကြည့်ခန်းတစ်ခန်းသားကျန်တော့သည်။

"Hyung ဒီမှာဘာလုပ်နေတာလဲ။"

စာကြည့်ခန်းထဲတွင် ခုံပေါ်မှာမဟုတ်ဘဲ စားပွဲပေါ်တွင် ဒူးနှစ်ဖက်ကိုပိုက်ပြီးထိုင်နေသော Hyung ကိုမေးလိုက်တော့ ထစ်ထစ်အအနှင့် စကားပြောရန်ကြိုးစားနေသောကြောင့် ကျွန်တော်ကြောင်သွားရသည်။

FANBOY MATERIAL {nAmJiN}Where stories live. Discover now