14. စိတ်ကောက်ခြင်း

1.4K 217 41
                                    


ဒီမနက် ကျွန်တော် Kim Seokjin လေးနိုးလာတာတော့ စိတ်လက်ကြည်လင်စွာနဲ့မဟုတ်ပါဘူးနော်။ အင်မတန့် အင်မတန်မှစိတ်ရှုပ်နေပါသည်။

တော်တော်လေးလည်းဒေါသထွက်နေပါသည်။ ဟုတ်တယ်လေ။ ကိုယ့်ချစ်သူက ကိုယ်မကြိုက်တာကိုလုပ်ထားရင် ဘယ်သူကပျော်ရွှင်ပြီး ထကနေမှာတဲ့တုန်း။

အဖြစ်ကဒီလိုမျိူးပါ။ မနေ့ကကျွန်တော် တစ်နေကုန်ကျောင်းတက်နေတာလည်းအကောင်း။ အိမ်ပြန်ရောက်တော့ အဲ့လူကြီးအကြောင်းတွေးပြီး ကြည်နူးရင်းနားနေတာလည်းအကောင်း။ စာလေးတောင်နည်းနည်းလုပ်လိုက်သေး။

ညဆယ်နာရီလောက်ကျတော့ အိမ်အောက်က မေမေ့အော်သံကြောင့် အောက်ဆင်းသွားတော့ တံခါးဝမှာနံရံကိုမှီရပ်ပြီး အသိစိတ်ပျောက်နေတဲ့ ကိုယ်တော်ချောကိုမြင်တော့ ဒေါသကထောင်းခနဲ။

သေသေချာချာမှာထားတာကို သူဂရုမစိုက်ကြောင်း ကိုယ်ထင်လာပြရင်း ဝင်္ကဝုတၳိနဲ့ပြောတာ။

အဲ့ဒါကိုမာတာမိခင်ကအလိုက်မသိ။ "Seokjin ရေ။ နင့်အစ်ကိုတော်တော်မူးလာတယ်ထင်တယ်။ အိမ်ကိုလိုက်သွားပြီးပြုစုပေးလိုက်ပါ။" တဲ့။ ညပါအိပ်လိုက်တဲ့လေ။

အိမ်မှာ ဒယ်ဒီဖားသားကြီးကပါရှိနေတော့ပြန်ပြောလို့ကမကောင်း။ အဲ့တော့အမူးသမားကြီးကိုတွဲ။ သူ့အိမ်ဘက်ကိုကူး။ အဝတ်အစားတွေလဲပေး။ အိပ်ယာထဲကိုထည့်။ အမူးသမားဘေးဝင်မအိပ်ချင်တော့ တစ်ညလုံး အိမ်ရှေ့ကဆိုဖာပေါ်မှာ ဇက်အနာခံပြီးအိပ်ရ။

တော်တော်ဒုက္ခပေးတဲ့အမူးသမားကြီး။ စေတနာကိုပျက်တယ်။

ဒီနေ့မနက်လည်းဘယ်အချိန်ထိစက်တော်ခေါ်ဦးမလဲမသိ။ ကျွန်တော်ကျောင်းသွားရမယ့်အချိန်ကနီးနေပြီ။

"ဟေ့လူကြီး၊ မထသေးဘူးလား။ နေကခင်ဗျားနှာ​ခေါင်း ထဲဝင်တော့မယ်။ ထတော့ဗျာ။"

လော်စပီကာကထွက်တဲ့အသံလိုပြဲလန်နေအောင်အော်ပြောပေမယ့် အင်းအဲနဲ့ ဟိုဘက်လိမ့် ဒီဘက်လိမ့်လုပ်နေသေး။

"နှိုးမရလည်း အဲ့မှာသာ စက်တော်ခေါ်နေတော့။ ကျွန်တော်ကျောင်းသွားပြီ။ နိုးလာမှအသိတရားဝင်ပြီး ခြေထောက်ဖက်တောင်းပန်ကြည့်။ လုံး...ဝ...ခွင့်...မ...လွှတ်...ဘူး..။"

FANBOY MATERIAL {nAmJiN}Where stories live. Discover now